Chapter 1

386 68 4
                                    

Unicode

ကျီရန် သူ့ဘေးနားရှိ ဖုန်းမြည်သံကြောင့်နိုးလာခဲ့သည်။

' နေပါဦး...ဒီ ringtone သံက ဘယ်ကနေရောက်လာတာလဲ..?'

သူမူးနောက်နောက်နဲ့နိုးလာခဲ့ပြီး လက်ကိုဆန့်ကာ ဖုန်းကိုလှမ်းယူလိုက်သည်။လက်ကိုမလိုက်သည်နှင့် အရိုးထဲထိအောင်နာကျင်မှုကသူ့ကိုလုံးဝနိုးစေခဲ့သည်။

မသိစိတ်ရဲ့လှုံ့ဆော်မှုအရ သူ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့၏။နက်မှောင်ပြီးတိမ်မည်းများရစ်သန်းနေသော အိုင်းရစ်ပန်းလေးသဖွယ်မျက်ဝန်းလေးတစ်စုံက ရေးတေးတေးမှတ်ဉာဏ်များဖြင့် တစ်ခန်းလုံးအနှံ့လိုက်ကြည့်လိုက်သည်။

' fuck..တစ်ညလုံးသူ့လက်မောင်းသူ ခေါင်းအုံးပြီးအိပ်မိတာကို ဘာလို့များတစ်ချက်လေးတောင် မချိမဆန့်ခံစားရပြီး နိုးမလာရတာလဲ.?'

ဖုန်းမြည်သံကသူ့နားထဲ စူးခနဲဝင်ရောက်လာပြန်တယ်..သူမျက်မှောင်ကြုတ်လိုက်ပြီးစိတ်အနှောက်အယှက်ဖြစ်စွာလျှာကိုဖိလိုက်၍ အားစိုက်ထုတ်ကာ ဖုန်းကိုလက်ခံဖြေကြားလိုက်သည်။

" hello sir, ကျွန်မတို့ Hotel ရဲ့ check out time က ဒီနေ့ နေ့လည် ၁၂ နာရီပါ sir, ကျေးဇူးပြုပြီး ထပ်မံနေဖို့ဆန္ဒများ ရှိဦးမလားဆိုတာ သိခွင့်ရှိမလား sir ..?"

အခန်းအပြင်အဆင်ကိုကြည့်လိုက်တာနှင့် သဘာဝကျကျပင် ဒါသည် Hotel တစ်ခုဆိုတာ ကျီရန်သိလိုက်သည်

သူ့မျက်လုံးတွေကိုမှိတ်လိုက်ပြီး နာကျင်မှုသည် သူ့လက်မောင်းတစ်ခုထဲမဟုတ်ဘဲ လက်ကောက်ဝတ်နှင့် ခြေထောက်တွေကပါ အကြောသေသလိုနာကျင်နေတယ်ဆိုတာ သူနားလည်လိုက်သည်။ထို့ကြောင့် သူပြန်ဖြေလိုက်သည်

" အင်း"

သူအတော်လေးကိုအိပ်ရေးမဝသေးပေ။

" As you wish , sir ..ဒါပေမယ့် စာရွက်စာတန်းတွေ ဖြည့်ဖို့ အတွက်တော့ reception ကို လာဖို့လိုပါလိမ့်မယ် sir .."

ဖုန်းချပြီးသွားတော့ ကျီရန် သူ့လက်မောင်းတွေ အတော်လေးထုံနေပြီမို့ ဒီအနေအထားကိုသာ ကြာကြာထိန်းထားရင် သူ့လက်မောင်းက တကယ်ကို မသန်မစွမ်းဖြစ်သွားလိမ့်မယ် လို့ သူတွေးလိုက်တယ်။ ထို့ကြောင့် ခက်ခက်ခဲခဲ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး အနေအထား ပြောင်းလိုက်သည်။

နောက်ဆုံးတော့ငါ့ပြိုင်ဘက်ကဒေဝါလီခံလိုက်ရပြီ!( မြန်မာဘာသာပြန်)Where stories live. Discover now