Unicode
ကျီရန် တံခါးမှ ထွက်သွားပြီးသည့်အခိုက်အတန့်တွင် နဂိုက မတ်နေသော သူ့နောက်ကျောသည် ကိုင်းကျသွားကာ နောက်သို့ ပြိုလဲသွားခဲ့သည်။
'Fuck...ဒုက္ခများလိုက်တာ'
လက်ရှိခံစားနေရသောနာကျင်မှုတို့သည် ရန်ပွဲကြောင့် ရလာသောဒဏ်ရာများနှင့် ယှဉ်လျှင်လုံးဝ ခြားနားသည့်ဝေဒနာတစ်ခုပင်။ ယင်းအစား၊ အပ်ဆယ်ချောင်းကျော်သည် အချို့နေရာတစ်ခုကို ဖောက်ထွင်းလိုက်သကဲ့သို့ခံစားနေရပြီး အလွန်အမင်း မခံရပ်နိုင်အောင်ပေ။
အသက်ပြင်းပြင်းတစ်ချက်ကို ခပ်နက်နက်ရှူသွင်းလိုက်ပြီး အနီးနားမှ အသံတစ်ခုကြားလိုက်သောအခါ ဓာတ်လှေကားဆီသို့ ဦးတည်သွားခဲ့သည်။ ထိုအသံသည် ဘေးအခန်းမှ ဧည့်သည်တွေပင်ဖြစ်သည်။
လက်ရှိတွင် ဘေးခန်းတွင် တည်းခိုနေကြသည့်စုံတွဲသည် အခန်းထဲမှတစ်စုံတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ရသဖြင့် ကြိမ်ဖန်များစွာ မကြည့်ဘဲမနေနိုင်တော့ပေ။
ချင်းမန်ရဲ့ စကားကို ပြန်သတိရမိတော့ သူက ချက်ချင်းပဲ သူ့နောက်ကျောကို တည့်မတ်သွားစေခဲ့သည်။
ဤဟိုတယ်သည် သူ မကြာခဏ ရောက်လေ့ရှိသော ဟိုတယ်ဖြစ်ပြီး အသောက်များလွန်းသဖြင့် မကြာခဏ တည်းခိုလေ့ရှိသည်။ သို့သော် ဤနေရာတွင် အသံလုံစနစ်သည် မည်မျှထိရောက်မှုရှိကြောင်း သူမသိပေ။
နာကျင်မှုကို ကြံ့ကြံ့ခံပြီး သူသည် ဓာတ်လှေကားထဲသို့ဝင်ကာ ထိုချစ်သူစုံတွဲ မဝင်ရောက်မီ သူ့ဘဝကြီးမူတည်နေသကဲ့သို့ အပိတ်ခလုတ်ကို အသည်းအသန်နှိပ်လိုက်၏။
ဓာတ်လှေကားပိတ်လိုက်သည်နှင့် မောပန်းနွမ်းလျစွာ လက်တန်းများဆီသို့ လဲကျသွားသည်။
ဟိုးအရင်တုန်းက သူဝယ်ခဲ့သည့် အိမ်ငယ်လေးဆီသို့ တက္ကစီတစ်စီးငှားကာသွားလိုက်သည်။ ထိုနေရာကို နှစ်ရက်တစ်ကြိမ် သန့်ရှင်းရေးလုပ်ရန် အိမ်ထိန်းတစ်ဦးကို ငှားရမ်းထားသည်မို့ အထူးသန့်ရှင်းသပ်ရပ်လို့နေသည်။
ဒါပထမဆုံးအကြိမ်လာရောက်နေထိုင်တာဖြစ်ပြီး ပထမဆုံးသူရေချိုးလိုက်သည်။အေးစက်နေသည့်ရေက သူ့အရေပြားကို ထိလိုက်သည်နှင့် ကျီရန် ပြန်လည်ရှင်သန်ထမြောက်သွားသလို ခံစားလိုက်ရသည်။ သူအံကြိတ်ရင်း ရှက်စိတ်နဲ့ ရေချိုးကန်ဘောင်ပေါ် ခြေတစ်ချောင်းတငိလိုက်ကာ သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်လိုက်သည်။
YOU ARE READING
နောက်ဆုံးတော့ငါ့ပြိုင်ဘက်ကဒေဝါလီခံလိုက်ရပြီ!( မြန်မာဘာသာပြန်)
RomanceOriginal novel - My Nemesis Has Finally Gone Bankrupt Author -Jiàng Zi Bèi Status in COO - 117 chps All I credit to original author and translator .