유승리 Yu Seungri ဆိုတဲ့ကောင်မလေးတစ်ယောက်က ညနေကျောင်းဆင်းတဲ့အချိန်မှာ ဖျော်ရည်ဆိုင်ထဲကို သူငယ်ချင်းတွေနဲ့အတူဝင်သွားပြီးတော့ သူငယ်ချင်းတွေက သောက်စရာတွေ သွားမှာနေတဲ့အချိန် ဆွန်းရီ ဆိုတဲ့ကောင်မလေးကတော့ ပြူတင်းပေါက်မှန်ရှိတဲ့ စားပွဲဝိုင်းမှာဝင်ထိုင်လိုက်ပြီးတော့ လမ်းမဘက်ကိုမျက်နှာမူပြီးတော့ scoopy ဆိုင်ကယ်နဲ့ကောင်လေးတစ်ယောက်ကို ငေးကြည့်နေသတဲ့ကွယ်....။ ဆွန်းရီငေးကြည့်နေတဲ့ ကောင်လေးကလဲ ဘယ်လောက်တောင် gentlemen ဆန်သလဲဆိုရင် မျက်မမြင်အဘိုးကြီးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်လမ်းဖြတ်ကူးလာတာကို သူ့ဆိုင်ကယ်နဲ့အရင်ဖြတ်သွားလို့ရရဲ့သားနဲ့ သူအရင်မသွားဘဲ အဲ့ဒီ မျက်မြင်အဘိုးကြီးနဲ့ကောင်လေးကို အရင်လမ်းဖြတ်ကူးစေတာ တဲ့ကွယ်.....။
Yena: ဟေ့!
Dukseon: အော်...ယူဆွန်းရီတစ်ယောက် ညနေညနေ ဘာလို့ဒီနားလာထိုင်ပြီးငေးနေရလဲ ဆိုတဲ့အကြောင်းအရင်း ငါသိပြီ...!!
Seungri: ငါဘာငေးနေလို့လဲ နင်တို့ကလဲ...?
Bomi: ဟဲ့...နင်အဲ့ဒီ scoopy ဆိုင်ကယ်နဲ့ စီနီယာ အစ်ကိုကြီးကို ကြိုက်နေတာမလား?
Seungri: နင်တို့ကလည်းဟယ်...ငါကဆိုင်ကယ်လေးလှလို့ကြည့်ရုံလေးပါ...။
Dukseon: ဟုတ်လို့လား?
Seungri: ဟုတ်ပါတယ်ဆိုနေ...!
Yeni: အာ့ဆိုလဲပြီးတာပဲလေ....
Bomi: နောက်ပြီး အဲ့စီနီယာအစ်ကိုကြီးကလဲချောတာကိုး.... ဆွန်းရီငေးကြည့်မယ်ဆိုလဲ ငေးကြည့်ချင်စရာပဲလေ..။
Seungri: ဖျော်ရည်တွေရပြီမလား? သောက်စို့လေ..။
Dukseon: ရော့! ဒီမှာ နင့်အတွက် သရက်သီးဖျော်ရည်။
Seungri: ဂိုမားဝေါ 😁
Park Bomi ရယ် Jung Yena ရယ် Sung Dukseon ရယ် Seungri အပါအဝင် သူငယ်ချင်းလေးယောက်ရှိကြသတဲ့။ ဆွန်းရီကတော့ ဘဲဥပုံမျက်မှန်အသေးလေးနဲ့ အညိုဆင်လေးပေါ့။
YOU ARE READING
A Crazy Little Thing Called Love ♡
Fanfic"A Crazy Little Thing Called Love" ဆိုတဲ့ ထိုင်းဇာတ်ကားလေးကို Heeseung & Y/N version ပြောင်းရေးထားခြင်းဖြစ်ပါတယ်။