written by storehows
translated by ဂျူးဖက်[Unicode]
"ငါတို့ ပြတ်ရအောင်.."
ဟမ်? လီးလား.. ဘယ်လို လီးစကားကြီးလဲလို့ ပါးစပ်က ထွက်မိခါနီးဆဲဆဲ မနည်း ဘရိတ်အုပ်လိုက်ရသည်။
"ဘယ်လို ပေါက်ကရတွေလဲကွာ"
အစကတော့ စနောက်နေတယ်ထင်လို့ ဟီးဟီးဟားဟားနဲ့ ပေါက်ကရတွေ ပြောမနေပါနဲ့လို့ ပြောလိုက်ပေမယ့် ရှေ့မှာ ထိုင်နေတဲ့ ဂင်ယယ်ဆူးရဲ့ မျက်နှာက ပိုပိုပြီး မှောင်လာတော့မှ သိလိုက်ရတာ။ သူ တကယ် နောက်နေတာ မဟုတ်ဘူးပဲ။
"ယယ်ဆူးရယ် ..အဲ့ဒါကို ဘာလို့ ပဲပင်ပေါက်ထမင်းပြုတ် စားနေရင်းတန်းလန်းကြီး..."
ပါးစပ်ထဲမှာ ထမင်းစေ့က ဟိုဘက်ရောက်လိုက် ဒီဘက်ရောက်လိုက်နဲ့ လိမ့်နေတဲ့အပြင် သဲတွေ ဝါးနေရသလိုပဲ။
"တကယ်ပြောတာ.. ဆောရီး။ ဂျယ်ချန်း.. ငါ .. ငါ ကြိုက်နေတဲ့သူ အသစ်ရှိနေပြီ.."
"ကြိုက်နေတဲ့သူ... အသစ်"
မျက်နှာထားတွေ ဘာတွေလဲ မထိန်းနိုင်တော့။ ဝတ္ထုတွေဖတ်တာ များသွားတာများလား။ ... စောက်ပိုမှ စောက်ပိုတစ်သိန်းတွေပါပဲ။ ဂျယ်ချန်း အရိပ်အခြည်ကို ကြည့်နေရင်းနဲ့မှ ယယ်ဆူးက စားလက်စ ဇွန်းကို ချတယ်။ ထမင်းစားချင်စိတ် ပျောက်သွားရမှာက ငါပါဟ.. ဘာလို့ မင်းက ဇွန်းတွေ ချနေတာလဲ။
"တကယ် ဆောရီး"
"မဟုတ်ဘူးလေ.. နေပါဦး"
"... တောင်းပန်ပါတယ်"
"ဘယ်သူလဲ အဲ့လူက"
ဒီအခြေအနေကြီးမှာ မေးရမယ့် မေးခွန်းမျိုး မဟုတ်တာ သိပေမယ့်။ ခေါင်းက စဉ်းစားဖို့ အချိန်ကို တဆင့်ကျော်ပြီး ပါးစပ်ကနေ တန်းထွက်သွားတာ အဲ့မေးခွန်းပဲ။ ဘယ်ကောင်မို့လို့လဲ တကယ်ပဲ။
THIS MEANS WAR
(1)ယယ်ဆူး.. ပြန်စဉ်းစားပါဦး.. ငါတို့တွေ ပျော်ခဲ့ကြတာပဲကွာ..ငါ ဒီထက် ပိုကောင်းပေးပါ့မယ်။ အဲ့ကောင်က ငါ့ထက် ဘာတွေ ပိုသာနေလို့လဲ။ မြင်နေကျ ကောင်လေးတွေဆို ဒီလိုအတွေးက အရင်ဝင်မှာဆိုပေမယ့် ဂျယ်ချန်းကတော့ မတူ။ ဘယ်ကောင်လဲ။ အဲ့ကောင်က ဘယ်သူမို့လို့ ငါ့ကို ပစ်ပြီး သူ့ဆီ ရောက်သွားရတာလဲ။ ဘယ်လိုလူမို့လို့လဲ။ နားကိုမလည်နိုင်တော့ဘူး။

KAMU SEDANG MEMBACA
This Means War | suamchan
Fiksi PenggemarBank Employee x College Student AU SEOHAM x JAECHAN