အပိုင်း ၁

6 0 0
                                    

၂၀၀၂, ဇန်နဝါရီ ၅ရက်။
အဲနေ့က ကျနော့အသက် ၇နှစ်ပြည့်မွေးနေ့။
သူနဲ့ကျနော် စဆုံတဲ့နေ့။
ကျနော့် အမေဆုံး​ေတာ့ အဖေ ကျနော့ကိုလာ
ခေါ်ပြီး အဖေ့အိမ်ကိုပြောင်းလာခဲ့တဲ့နေ့ပေါ့။

တကယ်တော့ အမေနဲ့အဖေဟာ သူငယ်ချင်းတွေ။ အမေဟာ အဖေနဲ့ တစ်ညတာအမှားတစ်ခုကြောင့် ကျနော်ဆိုတာဖြစ်တည်လာခဲ့တာ။
အဖေ့ကို အမေက ကိုယ်ဝန် ရှိနေကြောင်းဖွင့်ပြောတဲ့ အချိန်မှာ အဖေဟာ လက်ထပ်ထားတဲ့သူတစ်ယောက်ဖြစ်နေခဲ့့ပြီ။ သူ့ချစ်သူနဲ့ပေါ့။

ဒါကြောင့်ပဲ အမေက အမြဲပြောခဲ့တာ။
ကျနော်ဟာ သူ့ဘဝအတွက်လဲအပို။
အဖေ့အတွက်လဲ အပို။
ဘယ်သူမှ မလိုအပ်ခဲ့တဲ့အတွက် ကျနော့်
နာမည်ဟာလဲ အပို။

အပိုဖြစ်နေတဲ့ ကျနော့ဘဝထဲ သူဝင်ရောက်လာခဲ့တာကတော့ သူဟာ ကျနော့အဖေရဲ့ ဘေးအိမ်ကလူ။ကျနော့ထက် အသက်၄နှစ်ကြီးတဲ့အကိုပေါ့။

သူကကျနော်အပေါ်သိပ်ဖော်ရွေနေခဲ့တာ
သူ့အမေက ကျနော့ကိုသိပ်သဘောမကျပေမဲ့ပေါ့
သူနဲ့ကျနော် စတွေ့ချိန်ကစပြီး အတူနေ
အတူစားနဲ့ အကောင်းဆုံးသူငယ်ချင်းအနေနဲ့
အမြဲရှိခဲ့ကြတာ။

သူ့ကြောင့်ကြည်နူးခဲ့ရတဲ့ အခိုက်တန့်လေးတွေရှိခဲ့ဖူးတယ်...
ဒီလိုနဲ့ ၁၆နှစ်အရွယ်မှာ သိလိုက်ရတာက
ကျနော်သူ့ကိုချစ်နေမိပြီ။ သူလဲကျနော့်ကို ချစ်တယ်လို့ယုံကြည်နေခဲ့တယ်....

သူ့ကြောင့်ကြည်နူးရတဲ့ အခိုက်အတန့်တိုင်းကို
ဒိုင်ယာရီထဲရေးမှတ်ထားရင်းပေါ့....ကျနော်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ဖွင့်မဟဘဲ ကိုယ်စီရင်ထဲမှာချစ်နေခဲ့ကြတယ်လို့ ယုံကြည်ခဲ့မိတယ်....

သူချစ်တဲ့ကြောင်လေးတွေကို ချစ်တတ်လာတယ်....ဘယ်အရာကိုမှလဲမမျှော်လင့်ဘဲ  ချစ်တတ်သွားတယ်...

ဒါပေမဲ့ သူကျနော့ကိုလိမ်ခဲ့တယ်
၁၃နှစ်လုံးလုံး တူတူရှိနေခဲ့ပေးပြီး
နောက်ဆုံးသိလိုက်ရတဲ့အမှန်တရားက သူကျနော့ကို ဘယ်တုန်းကမှ မခင်မင်ခဲ့ဘူး မချစ်ခဲ့ဘူးဆိုတာကို...

သူကျနော့်ကို အကြိမ်ကြိမ်လိမ်တယ်...သူကျနော့်ကို အမြဲလိမ်နေခဲ့တယ်။

My Last Call for someone🔞Where stories live. Discover now