Unicode
Short ficလေးပါ ကြေကွဲကြည့်ချင်လို့ ဇာတ်လမ်းထဲကအကြောင်းအရာတွေဟာ အပြင်ကဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်မရှိပါဘူးရှင်
..........
"ကိုယ်တို့ လမ်းခွဲရအောင် ဒေး...''
ကိုကို့၏ ပါးစပ်မှ ခါးသက်စွာထွက်ကျလာတဲ့ စကားက လမ်းခွဲစကားပင် ။ ဘာအတွက်ကြောင့်လည်းလို့ မေးလိုက်ချင်ပေမဲ့ အကြောင်းရင်းကို သိထားပြီးနှင့်လေပြီ ။ သို့သော်....
"ဘာအတွက်လဲဟင် ကိုကို''
"ကိုယ့်ကို မသိလို့လာမေးနေတာလား ဒေး!''
ကိုကိုက ဒေးအမေးကိုတောင် ဒေါသတွေထွက်နေခဲ့ပြီး မာန်မဲနေသည် ။ ဒေးအရင်လို ကေလးဆန်စွာ မငိုချချင်တော့တာကြောင့် ကိုကိုမျက်နှာချောကို ကြည့်ကာပြုံးနေယုံဘဲ တတ်နိုင်တော့သည် ။
"ကိုကို သူနဲ့တကယ်လက်ထပ်တော့မှာပေါ့နော်....''
"ကိုယ်တောင်းပန်ပါတယ် ကိုယ်...ကိုယ့်အမေရဲ့စကားကို မလွန်ဆန်ရဲဘူး ဒေး''
"ကိုကို မလွန်ဆန်ချင်တာလဲ ပါတယ်မလားဟင် ကိုကို''
"ဒေး!!!''
"ဒေးက ယောက်ျားတစ်ယောက်ဖြစ်နေလို့ ကိုကို့ရဲ့အမေက သဘောမတူသလို ကိုကိုကိုယ်တိုင်ကလဲ လူပုံအလည်မှာ ထုတ်မပြရဲခဲ့ဘူးမလား?''
"မဟုတ်ပါဘူး ဒေးရယ်''
အလိမ်မတော်တဲ့ ကိုကိုက ဒေးကိုလိမ်ညာချင်နေပြန်ပါပြီ ဒေးက ကိုကိုမလိမ်ရင်တောင် မသိချင်ယောင်ဆောင်နေမဲ့သူပါ ကိုကို ။ မိန်းမလိုဝတ်စားရတာ ကြိုက်တဲ့ဒေးက ကိုကိုအမေပြောသလို မိန်းမ အစစ်မှမဟုတ်ဘဲလေ ။ ကိုကိုအတွက် ရှက်စရာသိပ်ကောင်းနေမှာပေါ့နော် ။
နှုတ်ခမ်းပါးကို ပန်းရောင်ဆေးတင်ထားတဲ့ ဒေးက မိန်းမတွေထက်တောင်လှရက်လွန်းပါသည် ။ ဆံပင်ရှည်ကို ခါချထားတော့ လေဝေ့တိုင်း ယိမ်းနွဲ့နေတော့သည် ။
ကိုကိုနဲ့ ဒေးတို့ချစ်သူဖြစ်တာ သုံးနှစ်တောင်ကျော်ခဲ့ပြီ အာဏာခန့်ဆိုသောကိုကိုက တစ်ချိန်ကတော့ ဒေးကိုသိပ်ချစ်ခဲ့ပါသည် ။ အချိန်ကြာလာတာနဲ့ အမျှပြောင်းလဲတတ်တဲ့လူလောကကိုဘဲ အပြစ်တင်ရမလား ကိုကိုက ဒေးအပေါ်မှာ အေးစက်လာခဲ့သည် ။