WTF!! တောသားကို ချစ်မိသွားပြီ!! (Uni) /First/

4.8K 286 52
                                    

Happy birthday Xiao Tu Fei🎉

ကျွန်မသိရသလောက်

21ရက်‌နေ့တုန်းက ZSWW Fandom စ, ထူထောင်တာဖြစ်ပြီး 24ရက်နေ့မှာ တုဖေးလေးတို့ Xiao Tu Feiရယ်လို့ နာမည် ရခဲ့ခြင်းပါတဲ့။

ဒီနေ့လေးမှာလဲ ကျွန်မက မှတ်မှတ်ရရ ZhanYi  Fic Two Shotsလေး ရေးထားပါသေးတယ်၊
ဒီနေ့ ပထမတစ်ပိုင်းတင်ပေးမှာဖြစ်ပြီး မနက်ဖြန်ည ဒုတိယပိုင်း (Final) ‌တင်ပေးမှာပါရှင့်။

တောင်ပေါ်ဒေသမှာ သီးခြားနေထိုင်တက်သော တုဖေးတွေ အားလုံး ပျော်ရွှင်စရာ လေးနှစ်ပြည့် မွေးနေ့လေးဖြစ်ကြပါစေ..🎉🎊

____







--------------------------------------------




နံနက်မိုးသောက်ယံကိုကျော်လို့ မွန်းတည့်ချိန်သို့ပင် ရောက်လုနီးနီး၊
၁၁နာရီကျော်နေပြီဖြစ်သည်။ သို့သော် မောင်မင်းကြီးသားရှောင်းကျန့်မှာ ယခုထိတိုင် အိပ်ရာမှ ခွာရန် အစီအစဉ်မရှိ။

_ဒေါက်_ဒေါက်_

ငြင်သာတဲ့တံခါးခေါက်သံအား နိုးဟန်မပေါ်သေးတဲ့‌ ရှောင်းကျန့်က ကြားပုံမရ.။

ထို့နောက်...

ဒုန်း!!ဒုန်း!!!

" ကိုကို..! ထတော့..!!!! ကိုကိုရေ!! "

ဒါလား Sundayတိုင်း ကြားနေရတဲ့အသံ၊
သို့သော် ထိုအသံမှာ ရှောင်းမျိုးရိုးတို့အိမ်မှာသာလျှင် ကြားရနိုင်သည်။

" ရှောင်တုဖေးး...!!"

" ကိုကို ထမှာလား မထဘူးလား! မထရင် ပါးပါးက ကိုကို့ကို မုန့်ဖိုးဖြတ်မှာတဲ့နော်!!"

" ထပြီ! ထပြီလို့"

ထိုမှသာ အိပ်‌ရာပေါ်မှာ ထလိုက်တဲ့ရှောင်းကျန့်။
ရှောင်းကျန့်.. အသက် ၂၄ကျော်ပြီဖြစ်သော်လည်း အထက်တန်းနောက်ဆုံးနှစ်အောင်လို့
Uniတက်နေသူ။
ပထမနှစ်မှာတင် ‌အတန်းစောင့်လုပ်နေသည့် ရှောင်းကျန့်က ဒုတိယနှစ်သို့တက်လှမ်းရန် အစီအစဉ်ရှိပုံမပေါ်၊

စီနီယာဖြစ်သော်လည်း ဂျူနီယာများနှင့်အပြိုင် ဆိုးသွမ်းနေသောရှောင်းကျန့်အား မည်သူမှ မနိုင်ကြပေ။

WTF!! တောသားကိုချစ်မိသွားပြီ!! <𝙏𝙬𝙤 𝙨𝙝𝙤𝙩𝙨>Nơi câu chuyện tồn tại. Hãy khám phá bây giờ