# Uni
" ပြွတ်စ်.. အစ်..အစ်ကိုကျန့် ယောင်္ကျားချင်းကြီး.. မလုပ်ကောင်းဘူးဗျာ "
ဝမ်ရိပေါ်မှ ရှောင်းကျန့်ကို တွန်းလို့ ထွက်သွားသည့်တိုင် ရှောင်းကျန့်စိတ်ထဲ ဗလာကျင်းနေလေသည်။
သူ သိတာ သူ့နှုတ်ခမ်းပေါ်က နူးညံတဲ့နှုတ်ခမ်းသားစိုင်လေးတွေပဲ။တစ်ခါစားဖူးသည်မို့ ထပ်ကာထပ်ကာစားချင်စိတ်တို့က တဖွားဖွားပေါ်ပေါက်နေလေတော့သည်။
________
ရှောင်းကျန့် ဒီည ရိပေါ်အခန်းထဲ ဝင်ဖြစ်အောင်ဝင်မည်ဟု ဆုံးဖြတ်ထားတယ်။
ည၈နာရီလောက် တံခါးခေါက်ကြည့်တော့ ဝမ်ရိပေါ်က တံခါးလာဖွင့်တယ်။
သူ့ကိုလဲမြင်ရော တံခါးကို အတင်းပိတ်ဖို့ကြံနေမှန်းသိလို့ တံခါးမှာခြေထိုးခံထားလိုက်တော့ သူ့ခြေထောက်က အီစလံဝေသွားတာပဲ။" အား.. နာ..နာတယ် ရိပေါ် "
" ဘာလို့ ခြေထောက် ခံထားတာတုန်း "
အခွင့်အရေးရသည်နှင့်တပြိုင်နက် အခန်းထဲ အလျင်အမြန်ဝင်လိုက်လေသည်။
" ဘာလို့ သူများအခန်းထဲ ဝင်လာတာလဲ "
ဆူပုပ်ပုပ်နဲ့ပြောလာတဲ့ရိပေါ်ကို ရှောင်းကျန့် လျစ်လျူရှုရင်း အခန်းထဲ ဝေ့ပတ်ကြည့်မိလေသည်။
သေသပ်သည့်အခန်းလေးက သူ့အခန်းနဲ့များကွာလွန်းလှသည်။
နေချင်စဖွယ်လေးပင်။" ဘာကိစ္စရှိလို့လဲဆို "
" ဟိုဟာ စာသင်ပေးပါလား "
" ဟမ်.."
" ငါ စာမရလို့ စာသင်ပေးပါလားလို့ "
တစ်သတ်နဲ့တစ်ကိုယ် ဘယ်သူကိုမှ အကူအညီမတောင်းဖူးသည်မို့ ရှောင်းကျန့်ပြောသာပြောနေရတယ လျှာယားလှသည်။
" တကယ်ကြီးလား "
" တကယ်ပါဆို "
" ပြီးတာပဲ အခုလား "
" အခုသင်ပေးမှာလား "
အလိုမကျသည့်အရိပ်အယောင်များပျောက်ကာ တကယ်စာသင်ပေးမည့်ရိပေါ်ကြောင့် ရှောင်ကျန့်စိတ်ထဲ ပျော်သွားမိသည်။
YOU ARE READING
WTF!! တောသားကိုချစ်မိသွားပြီ!! <𝙏𝙬𝙤 𝙨𝙝𝙤𝙩𝙨>
FanfictionHappy birthday Xiao Tu Fei 🎉🥳🎂 By______ Suliea Libre #24.6.2022(Fri) #Happy Birthday XTF!!🎂🎁 #9:25P.M