P-1

2.1K 54 4
                                    

"Excuse me Sir...
  ဒီမှာ စီးကရက်သောက်ခွင့်မရှိပါဘူး။"

စီးကရက်နှင့် သူ့နှုတ်ခမ်းထိလုဆဲဆဲအချိန်တွင် ထွက်‌ပေါ်လာသော ပြောစကားကြောင့် အသံလားရာဘက်သို့ သူလှည့်လိုက်သည်။

သူက မျက်ခုံးတစ်ဖက်ပင့်ကာ စီးကရက်ခဲရင်း ဘာစကားမျှမပြန်‌ဘဲ ကြည့်လေတော့...

"ခွေးသားရဲ့ ‌မသောက်ရဘူးဆိုနေ"

သူ့ဒေါသက ထောင်းခနဲဖြစ်သွားရသည်။
ဘယ်လိုများတောင် ဒီမလောက်လေး မလောက်စားကောင်က သူ့ကို ပမာမခန့်ပြုလုပ်ရသလဲ။

"မင်းတို့ စားသောက်ဆိုင်က ဝန်ထမ်းတွေက မိုက်ရိုင်းလှချည်လားဟေ.."

သူက ပြောရင်း ပမာမခန့်ကောင်လေးကို အားပြင်းလှသည့် လက်သီးဖြင့် ပုံလဲသွားအောင် ထိုးချလိုက်တော့သည်။

"Sir... ခင်ဗျား မှတ်ထားနော်၊
နောက်တစ်ခါကြရင် ခင်ဗျားကို ညှာနေတော့မှာမဟုတ်ဘူး"

ပမာမခန့်ကောင်လေးက သူ့နှုတ်ခမ်းထောင့်က သွေးအချို့ကို သုတ်လျက်ထသွားသည်။ မသွားခင်စီးကရက်ကို တခြားနေရာသွားသောက်ရန် ပြောနေသေး၏။

"ဘယ်လို ပမာမခန့်ကောင်လဲကွာ"

အနီးအနားကို ဝေ့ဝဲကြည့်ဝောာ့ No smoking signလည်း ရှိမနေပါ။ ဒါက စင်္ကြံလမ်းဖြစ်ပြီး၊ စားသောက်ဆိုင်းအတွင်းလည်း မဟုတ်နေပါပဲနှင့် ပမာမခန့်ကောင်လေးက သူ့ကို သက်သက်မဲ့ ရန်ရှာသွားတာ။

စိတ်ကို အလုံးစုံလျော့ချရင်း စီးကရက်ဆက်ခဲကာ ဆိုင်အပြင်ဘက်ကို ထွက်ခဲ့တော့သည်။

အပြင်ဘက်ခုံတန်းတွင် ပမာမခန့်ကောင်လေး စီးကရက်ခဲနေသည်ကို တွေ့လိုက်ရသည်။

"မင်းက စည်းကမ်းရှိသားပဲ"

စကားသံကြားတော့ ထိုပမာမခန့်ကောင်လေးက မော့ကြည့်လာသည်။
ထို့နောက် ချေပစကားတစ်ခွန်း...

"ခင်ဗျားလို မဟုတ်ဘူးလေ"

"ဟဟ ဟုတ်ပါပြီ"

ခပ်ဟဟရယ်လျက် ပမာမခန့်ကောင်လေး ဘေးဝင်ထိုင်လိုက်သည်။

"အရမ်းမများဘူးမလား"

"ဘာကိုလဲ"

"ငါထိုးလိုက်တာ‌"

"တစ်ပွဲတစ်လမ်း ထပ်နွှဲမလား"

"မင်းက ရန်တော်တော်ဖြစ်ချင်နေတယ်ပေါ့"

"ခင်ဗျားအရင်စတာလေ"

"ငါက..."

"နောက်မှတွေ့မယ်၊ အလုပ်ချိန်လစ်လာတာ"

ပမာမခန့်ကောင်လေးက စီးကရက်လက်ကျန်ကို နင်းချေလျက် ထပြေးတော့သည်။ သူမိတ်ဆက်ဖို့ ကြံရွယ်မှလေ..

-----

Winnyရဲ့ အလုပ်နားချိန်က အတော်လေး ညဉ့်နက်နေပြီဖြစ်တယ်။ သူဒီအလုပ်ကို အချိန်အကန့်အသတ်နဲ့ပဲ လုပ်ချင်တယ်။

သို့ပေမဲ့ ဆိုင်ရှင်က သူ့စားစရာတွေမကုန်မချင်းရောင်းနေချင်တော့တာပဲ။
အခုလည်း လာသူမရှိတော့လို့ နားလိုက်ရတာပဲဖြစ်တယ်။

တကယ့်တကယ်ကို ပင်ပန်းရတာပဲ၊ ဒါကိုကြားထဲက ဟိုမကောင်းဆိုးဝါးလူ ထိုးတာက ခံလိုက်ရသေးတယ်။

အမှန်တကယ်ပဲ ဆိုင်ရှင်က အဲသည့်နေရာကို စီးကရက်မသောက်ခိုင်းဘူး။ သူတောင် အဆူခံရဖူးလို့ မှတ်မိနေတာပဲဖြစ်တယ်။

သူက ဒေါသလွယ်လွယ်ထွက်တတ်ပေမယ့် အစောကလို ဟိုလူနှင့် စကားစမြည်ပြောလိုက်ရတော့လည်း မကောင်းမြင်စိတ်တော့ ရှိမနေတော့ပေ။ ဒါပေမဲ့ သူ့နှုတ်ခမ်းထောင့်ဒါဏ်ရာကတော့ သူ့ကို အနည်းအကျဉ်းဒုက္ခပေးလေတယ်။

သူပင်ပန်းနေတာဖြစ်လို့ ရေချိုးပြီးတာနဲ့ ဒါဏ်ရာကို ဆေးတောင်မထည့်မိဘဲ အိပ်ပျော်သွားဝောာ့သည်။

---

[ Winnysatang သို့မဟုတ် Satangwinny ဖတ်ချင်နေတာ၊ ရှိသမျှလည်း ဖတ်ပြီးပြီ။
မသိဘူး ကိုယ့်ဘာသာပဲ ရေးလိုက်တော့တယ်ಥ‿ಥ ]

(10.Sep.23)

Why Are You So Obsessed With Me? [Completed]Where stories live. Discover now