P-2

940 48 6
                                    

နောက်တစ်ရက်မှာတော့ စောစောစီးစီးပင် သူမသိတဲ့ ဖုန်းနံပါတ်နဲ့ အဝင် call ရရှိခဲ့တယ်။
အဲဒါက ဘယ်လောက်ကြာအောင် မြည်နေခဲ့လဲ သူမသိဘူး၊ ကြိတ်မှိတ်ပြီး ဆက်အိပ်နေ‌တော့တာပဲ။

အဆုံးသတ်မှာတော့ တစ်ဖက်က လက်လျော့သွားမယ်ထင်ခဲ့ပေမယ့် အမှန်က အဲ့သလို ဖြစ်မနေဘူး။
ဖုန်းအဝင် callက ဆက်လက်ရှိနေတုန်း။

နောက်ဆုံးတော့ Winnyပဲ လက်လျော့ကာ ဖုန်းကိုင်လိုက်ရတယ်။

"Hello"

"Winny.."

တစ်ဖက်က သူမကြားဖူးတဲ့ အသံဖြစ်တယ်၊ ဖုန်းကို တစ်ချက်ပြန်ကြည့်လိုက်ရတယ်။ Fourth ခေါ်တယ်လို့ သူထင်နေခဲ့တာ၊ အခုက contactမှာတောင် မှတ်ထားခြင်းမရှိတဲ့ ဖုန်းနံပါတ်။

"ဘယ်သူလဲ"

"Satang"

"ဘယ်က Satangလဲ"

"မင်း မှတ်မိအောင် ငါထပ်ထိုးပေးရမလား"

သူခဏကြာ တွေဝေသွားပြီးနောက်

"ခင်ဗျား.."

အသံစူးစူးဖြင့် အော်လိုက်မိသည်။
Satangဘက်မှ အတော်လေးကြာအောင် တိတ်ဆိတ်သွားလေတယ်။

"ဘာကိစ္စရှိလို့လဲ"

Winnyရဲ့ အမေးဖြစ်တယ်။ သူ့နံပါတ်ကို ဘယ်က ရသလဲ မမေးတော့ဘူး၊ ဒါက သိသာတဲ့အရာပဲ၊ သူ့ဆိုင်ရှင်သွားမေးမှာပေါ့။ ဟုတ်တယ်မလား။

"မင်းဒါဏ်ရာ သက်သာလား"

သူ့မျက်လုံးများ ပြူးကျယ်လာသည်။

"ဒါကို အရေးကြီး ကိစ္စလုပ်နေတာလား"

ဒါက တကယ်ပဲ အရေးကြီးကိစ္စမှမဟုတ်တာ။

"ဟုတ်တယ်"

"လျော်ကြေးပေးလိုက်"

Winny စနောက်၍သာ ပြောလိုက်တယ်။

"အိမ်လာခဲ့မယ်"

"ဟမ်.."

"ခြံတံခါးဖွင့်ပေး"

"ရူးနေလား Satang"

"မင်း ငါ့ကို အော်မယ်ဆိုရင် Kittiphop လို့ခေါ်၊ အဲဒါပိုလိုက်တယ်"

"ခင်ဗျားကို မိတ်ဆက်ခိုင်းနေလို့လား၊ ဘောပဲ"

"Winnyခင်ဗျ၊ တံခါးလေးဖွင့်ပေးပါဦး။"

Why Are You So Obsessed With Me? [Completed]Where stories live. Discover now