1998 ခုနှစ် ။
ဟုန်မြောင်ဆွန်မြို့ ။
နှင်းဆီစကားစံအိမ် ။***
သတင်းစာဖတ်နေသော လူငယ်လေးတစ်ဦးသည် စံအိမ်ကြီး၏ဧည့်ခန်းပြတင်းပေါက်တစ်ခုနားတွင် ခြေချိတ်ကာဖြင့် ထိုင်နေပါ၏ ။
တပ်ဆင်ထားသော ရွှေရောင်ကိုင်းမျက်မှန်နှင့် တေးစုထားသော နှုတ်ခမ်းပါးနုနုမှာတော့ မာန်အပြည့်ဖြင့်ရှိနေသည် ။ရှေးဆန်လှသော ပရိဘောဂပစ္စည်းများနှင့်စံအိမ်ကြီးထဲတွင် အလုပ်သမားတချို့သည်ကား လုပ်စရာရှိသည်များကို လုပ်ကိုင်နေကြသည် ။
"သခင်လေး ... သူနိုးလာပါပြီ ။"
ဖောင်း !
စားပွဲခုံစောင်းအား သတင်းစာလိပ်နှင့်ရိုက်ခတ်သံသည် တိတ်ဆိတ်နေသော စံအိမ်ကြီးအတွင်းပျံ့နှံ့သွားခဲ့၏ ။
"သခင်လေးလို့ပဲသုံးလို့ ကျုပ်ဘယ်နှစ်ခါပြောရမလဲ ?"
"ဟို ... ဟို ။"
"တော်တော့ ၊ စိတ်ပျက်စရာ !"
ထိုစကားတစ်ခွန်းကိုသာလျှင်ပြောပြီးနောက် အိမ်အပေါ်ထပ်လှေကားရှိရာသို့ ဖြည်းညှင်းစွာလျှောက်လှမ်းသွားသောခြေလှမ်းများသည်ကား တက်ကြွမှုအရိပ်အယောင်များရှိမနေခဲ့ပါချေ ။
နှင်းဆီအနက် ၊
ကိုကို့တစ်သက် ၊
စွဲမြဲထုံကျန်ရစ်ခဲ့ပါလေ ... ။အခန်းဝ၌ချိတ်ဆွဲထားသော ထိုဘုတ်ပြားလေးသည် ဟီဆွန်း၏ရင်အစုံအား နာကျင်စေခဲ့သည် ။
ဒေါက် ... ဒေါက် ... ဒေါက်
တံခါးခေါက်အသံပေးပြီးနောက်တွင်တော့ အခန်းအတွင်းသို့ ဟီဆွန်းအသာလေးဝင်ခဲ့မိ၏ ။ ကုတင်ထက်၌ အသာအယာလဲလျောင်းနေသော ကောင်လေးမှာတော့ ဟီဆွန်းအားနောက်ကျောသာလျှင် ပေးထားခဲ့သည် ။
"ဟွန်း ... နိုးပြီလား ?"
"..."
"ဗိုက်ဆာပြီလား ? ကိုကို ... ဘာလုပ်ခိုင်းလိုက်ရမလဲဟင် ?"
YOU ARE READING
နှင်းဆီစကား ချစ်သူကြားစေ | HeeHoon ✓
Fanficမင်းက ... ကိုကို့ရဲ့နမ်းရှိုက်မဝတဲ့ နှင်းဆီအနက်ရောင်လေး ။ Start & End date : 26.6.2022 @cv ctto