ခဝါချခဲ့ရပြီ .....

20 4 0
                                    

ညင်သာစွာ တိုက်ခတ်လာတဲ့ လေပြင်းလေးနဲ့

အတူ •••• ယိမ်းနွှဲ့နေတဲ့ မြတ်ပင်များရှိရာ

‌မြေသားပေါ်သို့ ထိုင်ချလိုက်ပြီး တည်ငြိမ်ခြင်းမ

ရှိဘဲ လေပြင်းများနဲ့အတူ စီးချက်ညီအောင်

ရွေ့လျားနေတဲ့ လှိုင်းသေးသေးလေးတွေကို

ငေးကြည့်နေရင်း တစ်ယောက်သောသူအတွက်

မျိုသိပ်ထားခဲ့သော စကားစုများက အတွေးထဲ

ရောက်လာခဲ့၏ ] ] ] ] ]

" တစ်ချိန်တုန်းက မာနကြီးခဲ့တဲ့ ကျွန်တော်

တစ်ချိန်တုန်းက လောဘကြီးခဲ့တဲ့ ကျွန်တော်

တစ်ချိန်တုန်းက အတ္တဆန်ခဲ့တဲ့ ကျွန်တော်

တစ်ချိန်တုန်းက မရင့်ကျက်ခဲ့တဲ့ ကျွန်တော်

တစ်ချိန်တုန်းက ဆိုသွမ်းခဲ့တဲ့ ကျွန်တော်

တစ်ချိန်တုန်းက ခင်ဗျားတစ်ယောက်ထဲကိုပဲ

နက်နက်နဲနဲ ချစ်ခဲ့မိတဲ့ ကျွန်တော် "

.. ခင်ဗျားရဲ့ အလိမ်အညာတွေကို ယုံကြည်ခဲ့

မိလို့ အခုတော့ အရူးတစ်ယောက်လိုဖြစ်နေပြီ..

အခုတော့ အဲဒီ့ } မာနတွေ / လောဘတွေ /

အတ္တဆန်တာတွေ / မရင့်ကျက်တာတွေ

ဆိုးသွမ်းတာတွေ ကို

ကျွန်တော်ခဝါမချ ချင်ဘူး °°°°

% ကျွန်တော် ••••• ကျွန်တော် •••••

ခင်ဗျားရဲ့အချစ်တွေအပေါ်မှာပဲ ကျွန်တော်ခဝါချ

ချင်ခဲ့တာပါ %

ခင်ဗျား သိပ်ရက်စက်တယ်ဗျာ ....

ပါးပြင်ထက်မှ မျက်ရည်များ အထိန်းအကွပ်မရှိ

စီးကျလာပြီး # /

ချစ်ခြင်းနဲ့နာကျင်ခြင်းကြား ဒွန်တွဲနေရသကဲ့သို့

နှုတ်ခမ်းသားမှာလည်း သွေးစက်လေးများနှင့်

အတူ နှလုံးသားရဲ့ ဒဏ်ရာများ ပိုပို၍သာ

နက်နဲ့လာခဲ့သည် ။

ပြီးဆုံးသွားခဲ့တဲ့ အတိတ်ဆိုတာထက်

ကျန်ရစ်နေတဲ့ နှလုံးသားလေးက အကြိမ်တိုင်း

ပြောနေမိခဲ့တယ် :::

< ကျွန်တော် ခင်ဗျားရဲ့ အချစ်‌တွေကိုပဲ ခဝါချ

ချင်ခဲ့တာပါ >


Date - 26 / 6 / 2022



Short Stories !Where stories live. Discover now