မိုးသားလဲခဏအကြာမောင်းနှင်ပြီးနောက် လိုရာခရီးအားရောက်ခဲ့လေပြီ။
အမရောက်ပြီ လာဟိုအရှေ့သွားကြမယ်
မိုးသားလဲြကာညိုအားစက်ဘီးပေါ်မှဆင်းစေကာစက်ဘီးနေရာချပြီးဆိုလိုက်သည်။
ဝါး........လှလိုက်တာ'မိုးသား'ရယ်အမဒီလိုနေရာမျိုးရှိမယ်မထင်ထားဘူး
မိုးသားရဲ့ခေါ်ဆောင်ရာအပြီးရောက်ရှိလာသည့်နေရာမှာ နေဝင်ချိန်ကိုနောက်ခံထား၍ သဘာဝအလျောက်ဖူးပွင့်ဝေဆာနေသောပန်းပင်လေးများနှင့်သစ်ပင်စိမ်းစိမ်းကြီးများရှိရာ
သဘောကျတယ်မလား'မ'
မိုးသားမသိလိုက်ခင်မှာဘဲကြာညိုအားရင်ထဲကနာမ်စားလေးကိုသုံးမိလိုက်သည်။
အင်း အရမ်းလှတယ်'မိုးသား'
ကြာညို မိုးသားဘက်လှည့်ပြီးဆိုလိုက်သည်။ရင်ထဲတွင်တော့'မ'ဆိုသည့်နာမ်စားလေးအားသဘောကျနေမိသည်။
ယခုချိန်မှာတော့သစ်ပင်ပန်းပင်လေးများကို တောင်အပုလိုနေရာလေးပေါ်မှမြက်ခင်းစိမ်းလေးပေါ်တွင်နှစ်ဦးသားထိုင်နေ၍သဘာဝအလှများကိုရှုစားေနကြသည်။သဘာဝအလှချင်းတူကြပင်မဲ့
မြင်ကွင်းပုံရိပ်တော့မတူပေ..
ကြာညိုကတော့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးမျက်လုံးအစုံကိုမှိတ်ကာ သဘာဝလေကိုအပြည့်အဝခံစားနေေလသည်။
မိုးသားမောင်ကတော့ ထိုကမ္ဘာ့သဘာဝအလှကိုရှုစားနေတဲ့ကိုယ့်နှလုံးသားစေရာသခင်ရဲ့ အလှတရားအားမမှိတ်မသုန် ငေးမောနေရသည်။လေပြေညှင်းလေးတွေတိုက်ခက်တော့ မြတ်နိုးရာလေးရဲ့ဆံနွယ်လေးတွေကသစ်ခက်လေးတွေအလား လေထဲတွေလွင့်ပျံသည်။
လေ၏ခေါ်ဆောင်ရာကြောင့်ပန်းနံ့လေးတွေဆွတ်ပျံသည်။မျက်နှာနုနုလေးအားလေကတိုက်ခက်သည်....သစ်ခက်လေးတွေနဲ့အပြိုင် လေပြေထဲတွင်ယိန်းနွဲ့နေတဲ့ဆံနွယ်လေးတွေကအစ မိုးသားမြတ်နိုးရပါသည်။တောင်းဆုတိုင်းသာပြည့်လျှင် ဤလူသားလေးအား ပိုင်ဆိုင်ချင်ပါသည်။
'မ'~~~......
ဟင်?
မိုးသားစိတ်တွေမရတော့ပါကိုယ့်ရှေ့မှ နတ်သက်ကြွေသဖွယ်လှပနေတဲ့မိန်းမလှလေးကို အကြင်နာအနမ်းများစွန့်ကျဲချင်လှပါပြီ။
أنت تقرأ
မောင့်ကြာညို[ေမာင့္ၾကာညိဳ](gl fic)