အပိုင်း(၄)အလင်းစက်လေး

157 21 2
                                    

အခန်းတစ်ခုလုံး မှောင်မဲပြီးတိတ်ဆိတ်နေခဲ့တယ်၊အရက်အိုးတွေ တအိုးပြီးတအိုးကျကွဲတဲ့အသံတွေပဲ ပဲ့တင်ထပ်နေခဲ့တယ်၊လီဖေးဟန်တစ်ယောက် အရက်သမား အရှုံးသမားလုံးလုံးဖြစ်သွားခဲ့ပြီဆိုတာက ဂိုဏ်းတစ်ခုလုံး သိနေခဲ့တဲ့ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်။

    တစ်ခုသောညနေခင်းမှာတော့ လီဖေးဟန်ရဲ့ဖခင်က သေးငယ်တဲ့မြေခွေးလေးတစ်ကောင်နဲ့ အသက် 7နှစ်အရွယ်ကလေးတစ်ယောက်ကိုလက်ဆွဲပြီး ဖေးဟန်ရဲ့အခန်းကို ရောက်လာခဲ့တယ်။

      တံခါးကိုတွန်းဖွင့်ပြီးဝင်လာတော့ လေနဲ့အတူမွှန်ထူနေတဲ့အရက်နံ့တွေပါလာတော့ ကလေးငယ်လေးက နှခေါင်းကို လက်နဲ့ကာပြီးပိတ်ထားလိုက်တယ် သေးငယ်တဲ့မြေခွေးလေးကတော့ အူး..အသံလေးထွက်ပြီး ခေါင်းကို ဂိုဏ်ချုပ်အဖိုးကြီးရဲ့ လက်ရုံထဲဝင်တိုးသွားတော့တယ်။

      "လီဖေးဟန် ငါလာတယ် "

"အို့...ကြီးမြတ်လှတဲ့ ဂိုဏ်ချုပ်ကြီးပဲ ဟက်.. ဘာကိစ္စလည်း"

ကုတင်အောက်နားမှာထိုင်နေတဲ့လီဖေးဟန်က ကုတင်ကိုအားပြုပြီး လက်တစ်ဖက်ထောက်ပြီးထလာပေမယ့် အရက်ဂျိုးကပ်တဲ့အရှိန်နဲ့ အရှေ့ကို ဗိုင်း..ခနဲပြန်ပစ်လဲသွားတော့တယ်။

"ငါမင်းအတွက် တပည့်နှစ်ယောက်ခေါ်လာတယ်၊သူတို့ကိုစောင့်ရှောက်ဖို့ မင်းကိုတာဝန်ပေးလိုက်မယ် ၊သူတို့ကသူတို့မျိုးနွယ်က စွန့်ပစ်ထားလို့ လမ်းဘေးရောက်နေခဲ့တဲ့ အမှိုက်တေပဲ ၊မင်းအတွက်အသုံးဝင်မလားမသိလို့ ခေါ်ထားလိုက်"

ပြောပြီးတာနဲ့ ဂိုဏ်ချုပ်အဖိုးကြီးက ပြန်ထွက်သွားတယ်၊သေးငယ်တဲ့မြေခွေးလေးကို ငယ်ရွယ်တဲ့ကောင်လေးလက်ထဲပေးခဲ့ပြီး ထွက်သွားခဲ့တယ်၊လီဖေးဟန်က လဲကျရာကနေပြန်မထပဲ သုံးရက်တိတိ ထိုအတိုင်းအိပ်ပျော်နေခဲ့တယ် ၊သေးငယ်တဲ့မြေခွေးလေးနဲ့ ငယ်ရွယ်တဲ့ ကောင်လေးကလည်း ထိုအတိုင်းသုံးရက်လုံးလုံးရပ်နေပြီး လီဖေးဟန်ကိုကြည့်နေခဲ့တယ်၊လေးရက်မြောက်နေ့မှာတော့ ကောင်လေးရော မြေခွေးလေးပါ ရပ်နေရာကနေ လဲကျပြီးသတိလစ်သွားခဲ့တယ် ၊အဲ့တော့မှ သုံးရက်လုံးလုံး လဲကျနေတဲ့ လီဖေးဟန်က မျက်လုံးဖွင့်လာပြီး သူ့အရှေ့ကလဲနေတဲ့ နှစ်ယောက်ကို ကြည့်ပြီး အနားနားကိုသွားပြီး ဆေးတလုံးဆီခွန့်ပေးပြီး ပွေ့ချီပြီး သူ့ရဲ့အိပ်ရာပေါ် တင်ပေးလိုက်တယ်။

ပြီးတော့ အချိန်တစ်ရာနီလောက်ကြာကြာစိုက်ကြည့်နေခဲ့တယ်၊နောက်တော့ အခန်းထဲကထွက်သွားတော့တယ်။

သုံးနာရီကြာပြီးနောက်တော့ သေးငယ်တဲ့မြေခွေးလေးက အရင်နိုးလာခဲ့တယ်၊ဟိုဟိုဒီဒီ လိုက်ကြည့်ပြီးခါမှ သူဘယ်နေရာရောက်နေလည်း သိတော့တယ်၊အဲ့အချိန် လီဖေးဟန်က အခန်းပေါက်ဝကနေ ...

"မင်းရဲဆရာတူအကိုကို နှိုးလိုက်ပြီးရင် ညစာလာစားကြ"လို့ပြောပြီး ပြန်ထွက်သွားတော့တယ်။

သေးငယ်တဲ့မြေခွေးလေးက သူ့ရဲ့နှုတ်သီးကိုသုံးပြီး သူ့ထက်အသက်ကြီးတဲ့ ကောင်လေးကိုတိုးဝေ့ပြီးနှိုးတော့တယ်၊ကောင်းလေးနိုးလာပြီးနောက်မှာတော့ နှစ်ဦးသား သူတို့ဆရာခေါ်ထားတဲ့ ထမင်းဝိုင်းဆီသွားပြီး ထမင်းစားဝိုင်းမှာထိုင်လိုက်ကြတယ်၊လီဖေးဟန်က...

"မင်းတို့မှာ မိဘတွေမရှိကြတော့ဘူးလား"

"မရှိတော့ပါဘူး"

"အူးးးဝူး"

"အာ..ဟုတ်ပြီ စားကြပါ ငါလည်းတခါတလေပဲချက်တာမို့ အရသာကောင်းဖို့တော့ မမျှော်လင့်ပါနဲ့၊ ပြီးတော့ကြိုပြောထားမယ် မင်းတို့ကိုကြင့်ကြံဖို့ ငါကူညီနိုင်တယ် ဒါပေမယ့် သိပ်မမျှော်လင့်ထားနဲ့သူများတွေနဲ့ယှဉ်ပြိုင်နိုင်ဖို့အတွက်"

"ဟုတ် နားလည်ပါပြီ"

"အူးး"

"အာ..မေ့တော့မလို့ မင်းတို့အမည်တွေကရော ပြောပါအုန်း "

"မရှိပါဘူး"

"အူးးး(ခေါင်းရမ်းလျှက်)

"ဒါဆို ငါပေးပေးရမလား အမ်...ဟိုကောင်လေး မင်းအမည်က ကျောက်ကျိလုံပဲ ပြီးတော့မြေခွေးလေး မင်းက ရှင်းပေါ်ဟန် ..အမ် ဟူတ်ပြီ လှတယ်ထင်တာပဲ အက်တာပဲမှတ်ထားလိုက်ကြ ဟုတ်ပြီလား"

"ဟုတ် "

"အူးးဝူးး"






အပ်ပုဒိတ်မပေးတာကြာလို့ဆဲမာစိုးလို့လာတာပါ။

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now