အပိုင်း(၅)ဗီလိန်ဖြစ်လာတယ်

177 22 2
                                    

   လီဖေးဟန်ရဲ့ဘဝက သူ့တပည့်နှစ်ယောက်နဲ့ တဖြေးဖြေးပြန်လည်အသက်ဝင်လာခဲ့တယ်။

  လီဖေးဟန်တစ်ယောက် တပည့်အကြီးကို ကျင့်ကြံအားထုတ်ဖို့သင်ပေးလိုက် တပည့်အငယ်ကို အရွယ်မြန်မြန်ရောက်အောင် အသွင်ပြောင်းကျောက်တွေရှာပြီးကျွေးလိုက်နဲ့ ဒီဆရာတပည့်တွေရဲ့ ခြံဝန်းလေးက တဖြေးဖြေးအသက်ဝင်နေခဲ့တာပေါ့။

သူတို့တွေကပြင်ပလောကနဲ့အဆက်အသွယ်ဖြတ်ထားကြတော့ပြင်ပကကောလဟာလတွေကိုလည်းမသိရှိခဲ့ကြဘူး။

ဥပမာ လီဖေးဟန်က ဂိုဏ်းချုပ်နေရာလိုချင်လို့ ဖခင်ဖြစ်သူကို အဆိပ်ခတ်တဲ့အကြောင်း၊အကိုအကြီးဖြစ်သူက ဖခင်ကို လီဖေးဟန်လက်ထဲကနေ အသက်စွန့်ပြီးကယ်ခဲ့ရကြောင်းတွေကိုပေါ့ တကယ်တော့ လီဖေးဟန်ဖခင်ဂိုဏ်ချုပ်ကလည်း လီဖေးဟန်ဆီကပြန်ထဲက နေမကောင်းဖြစ်ပြီး ကျင့်ကြံဆင့်တွေပြုတ်ကျပြီး သေလုမြောပါး အခြေအနေနဲ့ အိပ်ရာပေါ်မှာ လဲနေခဲ့တယ်၊လီဖေးဟန်ကိုခေါ်ဖို့ သူ့ရဲ့လက်ထောက်တွေကိုအကြိမ်ကြိမ်လွှတ်ခဲ့ပေမယ့် သူ့ရဲ့အကိုကြီးက အာဏာသူံးပြီးအကြိမ်တိုင်းတားခဲ့တယ်။

    မနေနိုင်တော့တဲ့ သနားစိတ်ရှိသူ တစ်ယောက်သောကျင့်ကြံသူအတွင်းစည်းတပည့်တစ်ယောက်က လီဖေးဟန်ကို ခိုးပြီးသွားပြောပြခဲ့လို့ လီဖေးဟန်တစ်ယောက် သိသွာူပြီ ဖခင်ဆီ အပြေးတပိုင်း သွားခဲ့ပေမယ့် သူရောက်ချိန်မှာတော့ သူ့ဖခင်က သူ့ကို စကားအနည်းငယ်သာမှာပြီး ကံကုန်သွားတော့တယ် ။

   လီဖေးဟန်က သူ့ဖခင်မရှိချိန်မှာ တရားဝင်ဆက်ခံသူတစ်ယောက်အနေနဲ့ရော သူ့ဖခင်ရဲ့ နောက်ဆုံးမှာတမ်းကို မှီတဲ့သူအမွေဆက်ခံသူတစ်ယောက်အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ဂိုဏ်းချုပ်တစ်ယောက်ဖြစ်လာခဲ့တယ်၊လီဖေးဟန်ရဲ့ဖခင်ဟာ သူ့သားကိုနောက်ဆုံးမှာခဲ့တာက ဘာကိစ္စပဲရှိရှိ ဒီဂိုဏ်းကိုသူ့အကိုကြီးရဲ့လက်ထဲကနေ ကာကွယ်ဖို့နဲ့စောင့်ရှောက်ဖို့ပဲဖြစ်တယ်၊ ဒါကအရင်လီဖေးဟန်က ဘာကိစ္စပဲရှိရှိ ဒီဂိုဏ်းကနေ ထွက်မသွားပဲ တင်းခံပြီးနေခဲ့ရတဲ့အကြောင်းပြချက်ပဲ။

ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်းWhere stories live. Discover now