EP(4)

5.5K 412 2
                                    

ဆောင်းကိုသူတို့နှစ်ယောက်မေ့နေကြလားမသိဘူး ပထမဆုံးဝင်လာတဲ့အတွေးတစ်ခုငါသူ့ကို အဖြေပေးမိတာမှားသွားပြီလား
'ဪ နှုတ်ဆက်ပေးရဦးမယ် မ ကို မ ဒါမိုးရဲ့အမွှာညီမလေး ယုယုစံတဲ့ ယု ဒါက'
'ယောင်းမလောင်းလေးမလား ညီမနမည်ကယုယုစံ ဒီအဘွားကြီးရဲ့ညီမ သူက မမအကြောင်းခဏခဏပြောနေလို့နားတောင်ပူနေပြီ'
'ဘာတွေပြောလဲ'
'မမကဘယ်လိုလှတာ စိတ်ထားကဘယ်လို့ ကလေးတွေကိုဘယ်လိုဆက်ဆံတာ စုံနေတာပဲ'
သူတို့နှစါယောက်ကစကားပြောရင်းထွက်သွားပြီး မိုးကိုခရီးဆောင်အိတ်လေးနဲ့ထားခဲ့တယ်
'မိုးရေ ယုစံလေးအတွက်ရေလေးခပ်ခဲ့ပါလား'
'မခပ်ပေးနိုင်ပါဘူး လက်ပါတာပဲ
ဆာရင်သူ့ဘာသာခပ်သောက်လိမ့်မယ်'
'ငါ့အမနဲ့ အူတိုနေပြန်ပြီ သွားချော့လိုက်ဦးယောင်းမရေ'
'မိုး ဘာဖြစ်နေတာလဲကွာ အဲ့လိုစိတ်ဆိုးနေတော့မက ရင်ထဲတောင်မကောင်းဘူး'
'သွားပါ သူနဲ့သွားနေ ခုမှလာခေါ်မနေနဲ့ သူများကိုလမ်းမှာတစ်ယောက်တည်းထားခဲ့ပြီးတော့ ဟွန့်'
'စိတ်မဆိုးပါနဲ့ကွာ ငိုလိုက်မှာနော်'
'ငိုတော့မငိုပါနဲ့ မိုးစိတ်မဆိုးတော့ဘူး'
'တကယ်နော်'
'အင်း'
'ယုစံဘယ်လောက်နေမှာလဲ ဒီမှာ'
'ပျော်သလောက်‌ေပါ့ မမရဲ့ဆေးခန်းမှာအကူလုပ်ပေးမယ်လေ'
'ကောင်းတာပေါ့ ညီအမနှစ်ယောက်အလုပ်တူတူလုပ်ကြတော့ ယုစံက မိုးအခန်းမှာပဲနေလေ'
'မိုးကရော'
'အ'
ယုစံကမိုးခေါင်းကိုရိုက်လိုက်ပြီး
'ငတုံးမရဲ့ ယောင်းမကသူနဲ့အတူလာနေလို့သွယ်ဝိုက်ပြောတာဟ'
'တကယ်လား မ'
'မင်းနေချင်မှနေပါ'
'နေမှာပေါ့ ပြီးတော့ ယုစံငါနင့်ထက်အကြီးနော် ငရဲကြီးမယ်လာမရိုက်နဲ့'
'ကဲရန်မဖြစ်ကြနဲ့ တို့နေ့လယ်စာချက်လိုက်ဦးမယ် ကျောင်းပိတ်ရက်လဲဖြစ်တာမို့စားချင်တာအကုန်ပြောချက်ကြွေးမယ်'
'ရေးးးးး'
'မချက်ပါနဲ့ မရယ် ပင်ပန်းပါတယ် စား‌ေနကျအတိုင်း'
'စောက်ပိုတွေပြောမနေနဲ့ ယောင်းမသူကလေအိမ်မှာဟင်း10မျိုးမပြည့်ရင် စားပွဲလိုက်မှောက်ပစ်တဲ့သူမျိုး'
'ဟုတ်လား မိုး မညာနဲ့နော်'
'အရင်ကပါ ခုလိမ္မာသွားပြီ'
'ဘယ်သူ့ကြောင့်လဲ'
'နင့်ယောင်းမလေးကြောင့်'
'ဟာ မိုးကကွာ'
'ယောင်းမရှက်သွားပြီ'
မ ထွက်သွားတော့မှ
'ယုစံ'
'ဟင်'
'နင်ဒီကိုလာတာ အပျော်သက်သက်လား ဒါမှမဟုတ်'
'ဖေဖေ နေမကောင်းဘူးမမ သူနင့်ကိုလိုအပ်နေတယ်'
'ငါ့ကိုစည်းရုံးပြီးပြန်ခေါ်သွားဖို့ဆိုရင်‌တော့ လက်လျှော့ပြီးခုတည်းကပြန်တော့ ယုစံ ငါလုံးဝပြန်မလိုက်နိုင်ဘူး
ပြီးတော့ မကိုလဲဒီကိစ္စလုံးဝမဟနဲ့ မဟုတ်ရင်နင်နဲ့လည်းငါလုံးဝမပက်သတ်တော့ဘူး'
'ကဲ လာကြစားကြမယ်'
'ဘာပြီမရေ'
ခုနကယုစံကို အစိမ်းလိုက်ဝါးစားမဲ့အကြည့်ကနေ ကလေးတစ်ယောက်လိုပြောင်းလဲသွားတယ်
'ဒီအလုပ်ကိုနင်မှမဆက်ခံရင် ဆက်ခံမဲ့သူမရှိတော့ဘူး'
ဟု ယုစံတိုးတိုးလေးရေရွတ်မိတယ်
'မိုး စားလေ စားမကောင်းလို့လား'
မ ကမေးတယ် မိုးဘာဖြစ်‌ေနလဲယုစံကသိသည်
'အိမ်က ဟင်း10ပွဲကိုလွမ်းနေတာထင်တယ် '
လို့စလိုက်တော့ မိုးကသူမကိုမျက်စောင်းထိုးတယ်
ဆေးခန်းနဲ့ကျောင်းကတစ်လမ်းတည်းဆိုတော့ 3ယောက်အတူထွက်ခဲ့တယ် မိုးက ဆောင်းရဲ့ဆွဲခြင်းကိုဆွဲပြီးတော့ မိုးရဲ့ကျန်တဲ့လက်ကိုဆောင်းကလက်နဲ့ချိတ်ထားတယ် ယုစံကတော့ခေါင်းခါရင်း
'လောကမှာ ဝင်မပါသင့်တဲ့ကြားမှာ သမီးရည်းစားကြားလဲပါတယ် အမြင်ကတ်တာဟယ် နောက်နေ့ငါ့ဘာသာသွားမယ် '
'မနာလို‌ဖြစ်နေရင်နင်လဲတစ်ယောက်ရှာလိုက်လေ'
'ရှာမှာပါကြည့်နေ'
'ဟေ့ ဆောင်းနဲ့ ဒေါက်တာလေး'
'မမဦး'
'ယုစံ'
'မမဦးတို့ကသိကြတာလား'
'အင်း အရမ်းရင်းနှီးခဲ့ကြတဲ့သူတွေလေ မတွေ့ရတာ10နှစ်ရှိပြီနော် ယုစံ'
'မေမေ'
'သူက'
'တို့ရဲ့ သားလေးလေ သားသားနှုတ်ဆက်လိုက်ပါဦး'
'သားနမည် လင်းမြတ်ဦးပါဗျ'
'သားသားကချစ်စရာလေး ကလေးဖခင်ကရော'
ကလေးမချစ်တက်တဲ့ ယုစံက အခုလိုလုပ်နေတော့မိုးအံဩပါတယ် မဟုတ်မှ
'မမဦး'
'ရှင်'
'မမဦးရဲ့နမည်တွေထဲမှာ မလဲ့ဆိုတာရှိလား'
'အင်း တို့ဂိုက်လုပ်တုန်းကတို့ကိုတပည့်လေးတွေကမလဲ့လို့ခေါ်တာလေ ယုစံနဲ့လဲအဲ့မှာတွေ့ခဲ့တာ'
'ဪ ဒါကြောင့်ကို ငါ့ညီမကကလေးတွေဘာတွေကိုချစ်တက်နေပါကောလား'
'နင့် Diaryစာအုပ်ထဲက ချစ်ရတဲ့မလဲ့ဆိုတာ မမဦးမလား'
လူနာရှင်းတုန်း ယုစံကိုအစ်မေးနေမိတယ်
'မဟုတ်ပါဘူး'
'မညာနဲ့ နင့်ဗိုက်ထဲအူဘယ်နှခွေရှိနေလဲကအစသိတယ်'
'ဟုတ်တယ်ဟာ မမဦးပဲ'
'သူနဲ့ တွဲခဲ့သေးလား'
'ဟင့်အင် ငါသူ့ကိုဖွင့်ပြောဖို့လုပ်မဲ့နေမှာ ရွာကိုပြန်သွားတာ ပြီးတော့လက်ထပ်လိုက်တယ်ဆိုတာပဲကြားလိုက်ရတာ'
'ဪ ဘာဖုစ်လဲအခုပြန်တွေ့နေရပြီပဲ ပြီးတော့သူက သူ့အမျိုးသားနဲ့ကွဲနေတာ။ ဘာပဲဖြစ်ဖြစ်ကြိုးစားကြည့်ပေါ့'
'အင်း'
'ကလေးရော မမဦး'
ယုစံတို့နှစ်ယောက်မုန့်သွားစားဖို့ချိန်းထားတာ
'သူ့သူငယ်ချင်းအိမ်မှာဆော့ကျန်ခဲ့တယ် နဂိုလို မလဲ့လို့ဘာလို့မခေါ်တော့တာလဲ ရှင်လေးကြောင့်မလဲ့လို့အမည်တွင်ခဲ့ရတာ'
'မမ က အခုမမဦးဖြစ်‌နေပြီလေ'
'တို့မျက်ဝန်းတွေမှာ မင်းပြောဖူးတဲ့ အရောင်လဲ့လဲ့လေးတွေမရှိတော့လို့လား'
'မဟုတ်ပါဘူး '
'နဂိုလိုပဲခေါ်'
'ဟုတ် မမလဲ့'
'မမလဲ့ရဲ့ အမျိုးသားနမည်ကဘယ်သူလဲ'
'ကိုကိုမောင်လေ'
'ကိုကိုမောင်'
မနဲ့တစ်ရွာတည်းသားတွေ မရယ်ကိုကိုမောင်ရယ် ယုစံရယ်က တြိဂံလိုပဲ
ယုစံက မမကိုချစ်တယ် မမက ကိုကိုမောင့်ကိုချစ်တယ် ကိုကိုမောင်က ယုစံကိုအသေလိုက်ခဲ့တဲ့သူ
'မမလဲ့'
'ရှင်'
'မမလဲ့ကို ပြောစရာရှိတယ် လွန်ခဲ့တဲ့ 10တည်းကပြောချင်ခဲ့တာ'
'ပြောလေ'
'ယုစံ မမလဲ့ကိုချစ်တယ်'
မမဦးက ယုစံကိုအဓိပ္ပါယ်ပါတဲ့အပြုံးနဲ့ပြုံးပြတယ် ငါသိတယ်ဆိုတဲ့ပုံမျိုးနဲ့
'သိပြီးသားလား'
'သိတယ်ကြီးမဟုတ်ပေမဲ့ ခံစားမိတာပေါ့'
'မလဲ့ ဘယ်ဘိုသဘောရလဲ'
'တို့က ကလေးအမေတစ်ယောက်ဖြစ်နေပြီ ယုစံ'
'ယုစံဂရုမစိုက်ဘူး မမလဲ့'
'တို့စဉ်းစားပါရစေဦး တို့နောက်တစ်ကြိမ်မနာကျင်ရဲဘူး'
'ကိုကိုမောင်နဲ့လမ်းခွဲတုန်းက မမလဲ့ဘယ်‌ေလာက်ထိခံစားရမလဲ ယုစံသိပါတယ် ယုစံကိုယုံပါ သားသားကိုလဲချစ်ပေးပြီး မမလဲ့အပေါ်လဲ သစ္စာရှိရှိချစ်မှာပါ'

ကဲနောက်တစ်တွဲထပ်ထွက်လာပြီနော် vote ပေးတဲ့အတွက်အားလုံးကျေးဇူးပါ ဒါပေမဲ့Follow လဲလုပ်ပေးကြပါဦးနော် ချစ်တယ် ဒါဒါတို့ရေ အာဘွား မွချိကွာ

တောင်တန်းများကိုသက်သေပြု၍(Complete)Where stories live. Discover now