EP-8

5K 281 0
                                    

'မမနိုးလာပြီလား'
မိုးနိုးလာခဲ့တယ်
(မသေပါဘူးနော် ညကရန်လာတွေ့တဲ့ လူတစ်ချို့ရေ မေက အစပ်တွေပဲကြွေးပါဘူးနော် ဟွန့် သူများကို ခင်မို့မို့အေးဖြစ်အောင်လုပ်နေကြတယ်)
'မ‌ေရာ'
'ယောင်းမ သူ့အမေပိမ်ခဏပြန်သွားတယ် မမ ဘက်ကအဆင်ပြေမှသူပြန်လာခဲ့မယ်တဲ့'
'မ မရှိဘူးဆိုရင်လုပ်ငန်းစကြတာပေါ့'
ဟုပြောကာလက်က ဆေးပိုက်ကိုဆွဲဖြုတ်လိုက်တယ်
'ဟာ'
'စိတ်မပူပါနဲ့ ဒီဒဏ်ရာနဲ့ငါမသေပါဘူး'
ဟုပြောကာထရပ်လိုက်တယ်
'မမနင့်ခြေထောက်'
'သက်သာနေတာကြာပြီ'
'ဒါဆို ယောင်းမကိုဘာလို့ဒီလိုလုပ်ရတာလဲ'
'ငါ့အရှုပ်တွေကိုရှင်းဖို့လိုတယ် တစ်ခြားဂိုဏ်းကလူတွေသူမကို ဒုက္ခပေးမှာဆိုးလို့ '
စားပွဲပေါ်ကဖိုင်ကိုဆွဲယူကာ
'ငါ့ကိုသတ်ချင်နေတဲ့သူတွေရှိတယ် သူငါ့အနားမှာရှိနေရင်လုံခြုံမှာမဟုတ်ဘူး မတို့အိမ်နားမှ ကင်းချပေးထား 24နာရီငါ့ကိုသတင်းပို့ခိုင်း'
'အင်း'
ဆောင်းစိတ်ပြေလက်ပျောက်အိမ်ကနေလမ်းလျှောက်ထွက်ခဲ့တယ်
'ဆရာမ'
'ယွန်းမြတ်ဝေ'
'ဆရာမ ကျောင်းမလာတာကြာလို့လာမေးတာ'
'တို့ကျောင်းကထွက်လိုက်ပြီဆိုတာမင်းသိသားပဲ တို့ဒီမှာရှိ‌ေနမှန်းဘယ်လိုသိလဲဘယ်လိုသိလဲ'
'ယွန်းအတွက်စုံစမ်းရတာ အသေးအမွှားပါ ဆရာမ အမေပြောလိုက်တာ'
ယွန်း ဆောင်းဘေးနားဝင်ထိုင်လက်တယ်
'ဆရာမ အမျိုးသမီးနဲ့အဆင်မပြေဘူးလား ဆရာမမျက်နှာမကောင်းဘူး'
'ဒီလိုပါပဲ အဆင်မပြေတယ်ကြီးလဲမဟုတ်ပါဘူး'
'ဆရာမ ယွန်းကိုကြည့် ယွန်းကိုပြောပြလို့ရတယ် ဆရာမရင်ထဲရှိတာမှန်သမျှ ဆရာမမွန်းကြပ်နေတာ ယွန်းမလိုလားဘူး'
'တို့အရမ်းပင်ပန်းနေတယ် မိုးဘာဖြစ်ချင်နေလဲတို့နားမလည်ဘူး တို့က သူ့ဇနီး တို့သူ့ဘေးနားမှာ ဆိုးတူကောင်းဖက် ထာဝရနေမှာ တို့သူ့ကိုသိက်ချစ်တာ ဒါပေမဲ့သူက တို့ ကိုနားမလည်ဘူး တို့က သူဒုက္ခိတဖြစ်သွားတာကိုငြိုငြင်တယ်ထင်နေတာ'
'ဘယ်သူဖြစ်တာလေ'
'မိုးလေ'
'ဘယ်ကသာ သူကအကောင်းကြီးပါ'
'ဟမ်'
'ဟိုနေ့ကတောင် ကလပ်တစ်ခုမှတွေ့သေးတယ် တစ်ခြား တစ်ခြားမိန်းမတစ်ယောက်နဲ့'
'တို့မယုံဘူး'
'ဒါဆိုဆရာမဒီညစောင့်နေ ယွန်းလာခေါ်မယ်'
ဆောင်းဆုတောင်းနေမိတယ် မိုးက ယွန်းပြောသလိုမဖြစ်ပါစေနဲ့လို့
ကလက်ရဲ့သဘာဝဖြစ်တဲ့ ရောင်စုံမီးလုံးတွေနဲ့ဆူဆူညံညံသီချင်းတွေက ဆောင်းကိုခေါင်းမူးစေပါတယ်
'ဆရာမ သူဟိုမှာ'
ဟုတ်ပါရဲ့ မိုးပါ ကောင်မလေးတစ်ယောက်ကိုခါးဖက်ပြီးဝင်လာတာ
'မင်းတို့နဲ့ကွာရှင်းချင်တာအဲ့မိန်းမကြောင့်လား'
ရီမောနေလိုက်တာများ တစ်လောကလုံးမှာသူတို့နှစ်ယောက်ပဲရှိနေတော့သလိုပဲ ရှေ့ကအရက်ခွက်ကိုတစ်ခွက်ပြီးတစ်ခွက်သောက်နေမိပါတယ်
ဆောင်းသည်းမခံနိုင်တော့ပါ မိုးဆီကိုလျှောက်သွားပြီး သူမကိုဆွဲလှည့်လိုက်ကာ
'ဖြန်း'
'မင်းဘာကြောင့်ငါ့ပါးကိုရိုက် ဟင် မ မ ဘယ်လိုလုပ် ကလပ်ကိုရောက်နေရတာလဲ ဘယ်သူနဲ့လဲ'
'ဟုတ်တယ်ငါပဲ ငါ့ဘာသာဘယ်သူနဲ့လာလာမင်းအကြောင်းမပါဘူး မင်းတို့ကိုကွာရှင်းချင်တာဒါကြောင့်လား မိုး'
'မဟုတ်ဘူးမ မိုးရှင်းပြမယ် သူ သူက'
'တစ်မိုးအောက်က ဧကရီမိုးမြင့်ကစကားတွေထစ်နေပါရောလား'
'ယွန်းမြတ်ဝေ ငါတို့လင်မယားကြားထဲနင်ပါစရာမလိုဘူး'
'နင်ငါ့တပည့်ကိုပြောစရာမလိုဘူး '
'မ မူးနေပြီ မိုးပြန်လိုက်ပို့ပေးမယ်'
'မလိုဘူး ငါ့အသားကိုမထိနဲ့ ရွံတယ်ငါမင်းကိုသိပ်မုန်းတယ်မိုး '
'မ'
'ကျွန်မပဲသူ့ကိုလိုက်ပို့‌ေပးလိုက်ပါမယ် ကောင်မလေးကိုတစ်ယောက်ထဲမထားခဲ့ချင်ဘူးမလား'
ယွန်းမြတ်ဝေနဲ့ပါသွားတာကို မိုး သဘောမကျပါ ဘာလို့ဆို ယွန်းက မိုးရဲ့ရန်သူ ဦးမြတ်အောင်ရဲ့တစ်ဦးတည်းသောသမီး အဖေတောင်မိုးကိုသတ်ဖို့အထိလုပ်ရဲတာ ယွန်းကဘဲမိုးကိုဒုက္ခပေးဖို့လုပ်မှာပဲ
'သူတို့ကားနောက်ကနေလိုက်သွားစမ်း မျက်ခြေပျက်သွားရင် နင်တို့ကိုအသေသတ်ပစ်မယ်'
'ဪ ခြေရာခံမဲ့လူတွေပါလာတာကို'
ယွန်းကနောက်ကလိုက်လာမှန်းသိပါတယ် မိုးလူတွေကိုမျက်ခြေပျက်အောင်မောင်းနိုင်ခဲ့တယ်
ယွန်းရဲ့ကားက မြို့ခဲကထွက်လာခဲ့ပြီးစက်ရုံဟောင်းတွေဘက်ကအိမ်ကြီးတစ်အိမ်ရှေ့ရောက်တော့ရပ်လိုက်တယ်
'သိပ်တော်တဲ့ငါ့သမီးပါလား သူပါလား'
'ဟုတ်ကဲ့ သူကားထဲအိပ်ပျော်နေပါတယ်'
'ဟေ့ကောင်တွေသူ့ကိုခေါ်သွားကြစမ်း'
'ယွန်းကိုယ်တိုင်ပဲပို့လိုက်ပါ့မယ်'
ဆောင်းကိုပွေ့ချီကာအထဲဝင်မယ်အလုပ်
'ဖေဖေက ဟိုကောင်မကိုပညာပေးချင်လို့သာသူ့ကိုဖမ်းရတာ သတ်ဖို့ထိမတွေးထားဘူး သူ့ကိုသမီးချစ်နေပြီး သူကသမီးအားနည်းချက်ဖြစ်လာမယ့်သူဆိုရင်တော့သတ်ပစ်ရလိမ့်မယ်'
'မဖြစ်စေရပါဘူး ယွန်းကဘယ်သူ့ကိုမှမချစ်တက်ဘူး'
'မိုးရယ်တို့တောင်းပန်ပါတယ် တို့ကြောင့်ပြသနာဖြစ်ရတာ'
ဘားမှာထိုင်သောက်နေတဲ့မိုး
'ရပါတယ် ဒေစီရယ် မက နားလည်ပေးပါတယ် သူမူးနေတုန်းမို့ ခဏပြသနာရှာတာပါ'
'ဘော့စ်'
'ဘာဖြစ်လာတာလဲ'
'ယွန်းမြတ်ဝေတို့ကားကိုမျက်ခြေပျက်သွားလို့ပါ'
'စောက်သုံးမကျတဲ့ကောင်တွေ တစ်မြို့လုံးကိုမြေလှန်ရှာကြစမ်း'
'ဘော့စ်'
'ဘာလဲ'
'ဒီမှာ'
ဗီဒီယိုတစ်ခုလာပြတယ်
မ ပါ သတိမေ့နေတဲ့ပုံပင် ကြိုးလဲအတုတ်ခံထားရတယ်
'ဦးမြတ်အောင် ရှင်ယောက်ျားမဟုတ်ဘူးလား ပေါ်တင်တိုက်စမ်းပါ မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့ မကိုလွှတ်ပေး ရှင်လိုချင်တာပေးမယ်'
'ငါလိုချင်တာကတော့ မင်းရဲ့အသက်ပဲ'
'ရတယ် ပေးမယ် နေရာကိုသာပြော'
'locationပို့ပေးလိုက်မယ် ရဲခေါ်လာခဲ့ရင်'
'စိတ်ချ ကျွန်မကသူရဲဘောကြောင်တဲ့သူမဟုတ်ဘူး တစ်ယောက်ထဲလာခဲ့မယ်'

ကဲကဲ ညကျဇာတ်သိမ်းတင်ပေးမယ်နော် ချစ်တို့ရေ အာဘွား ဖတ်ချင်နေကြပြီမလား

တောင်တန်းများကိုသက်သေပြု၍(Complete)Where stories live. Discover now