"Duchess of Viscount"
Duchess Of Viscount ဆိုတာ အစ်မရဲ့ 3rd OC လေးရဲ့ Title လေးပါ။ 13th Century နဲ့ လက်ရှိ Modern world အကြားက Time Travel လေးဖြစ်ပြီး သမိုင်းကြောင်းနဲ့ပတ်သတ်ပြီး အမှားပြုမိမှာစိုးလို့ မြို့နဲ့ City နာမည်ယူရေးတာကလွဲပြီး ကျန်တာကို ကိုယ်ပိုင် Universe အဖြစ် ရေးသားပါမယ်ရှင် အပြင်မှာတကယ်မရှိတဲ့ လူပုဂ္ဂိုလ်၊ သတ္တဝါတွေ အများကြီးပါဝင်မှာပါ။ Story Description လေးကတော့ အနည်းငယ်ပြောင်းလဲမှုရှိမှာမို့ အကြမ်းဖျဉ်းလေးပဲပြောပြသွားပါမယ်နော်။
13 ရာစုတုန်းက Kendrick (ကန်းထရစ်) ဘုရင်ကြီး အုပ်ချုပ်တဲ့ Mokita (မိုခီတာ) ဆိုသည့် တိုင်းပြည်ကြီးတခုရှိပါတယ်။ မှော်ပညာသည်တွေရှိပြီး အခြားသောတိုင်းပြည်ငယ်လေးများကို အဖက်ဖက်က လွှမ်းမိုးချုပ်ကိုင်ထားတဲ့ တိုင်းပြည်ကြီးပေါ့။ မိုခီတာတိုင်းပြည်ကြီးကို မည်သူမှမလှန်ရဲတ ဲ့အချက်တွေထဲက တခုကတော့ ဘုရင်ကန်းထရစ်ရဲ့ အကြီးဆုံးသားဖြစ်တဲ့ တော်ဝင်မင်းသား Isaac (အိုင်းဆက်) ကြောင့်ပါပဲ။
ရွှေအိုရောင်ဆံပင်၊ ရွှေအိုရောင်မျက်လုံးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသား Isaac တိုက်ခိုက်ခြင်းပညာရပ်မှာ တဖက်ကမ်းခတ်တော်ပြီး ပရိယာယ်ကြွယ်လွန်းတဲ့အပြင် အရောင်အသွေးစုံလင်ပြီး သာမာန်လိပ်ပြာများနဲ့ မတူညီလှတဲ့ လိပ်ပြာတစ်ကောင်က မင်းသား မွေးဖွားလာစဉ်ကတည်းက မင်းသားရဲ့အနီးဝန်းကျင်မှာ အမြဲရှိနေခဲ့တာကြောင့် နတ်ဘုရားက စောင့်ရှောက်တယ်ဆိုတဲ့ သတင်းစကားတွေရှိပြီး မည်သူကမှ တော်တန်ရုံမထိပါးရဲတဲ့ မင်းသားတပါးပါ။ သူ့အနီးမှာလိပ်ပြာအပြင် အရိပ်ပမာ လိုက်လံ အမှုထမ်းနေတဲ့ ကိုယ်ရံတော်သဖွယ် နောက်ထပ်တဦး ရှိနေပါသေးတယ် ။
ဒီ OC လေးစတင်ဖို့တော့ အချိန်လိုပါသေးတယ်။ ဘာကြောင့်အခုကတည်း အသိပေးထားရလဲဆိုရင်တော့ တွေးထားပြီးသား Plot ကို အကောင်အထည်ဖော်ဖို့ အချိန်ယူရတာသူများ Plot နဲ့ တူညီနေတဲ့အခါ အငြင်းပွားစရာတွေရှိလာမှာစိုးလို့ ဇတ်ကောင်တွေကိုရော၊ Plot ကိုပါ ကြိုတင်မိတ်ဆက်လိုက်တာပါရှင်။
(AN - ရေးပြီးသားများပြန်တင်ခြင်းသည် လက်ရှိအခြေအနေကို လျစ်လျူရှုခြင်းမဟုတ်ပဲ တစ်တပ်တစ်အားပါဝင်ထားသော မိမိ၏ project ရေဘေးအလှူအတွက်တစ်ပိုင်း ၅၀၀ဖြင့်အလှူခံထားခြင်းကြောင့် လာရောက်လှူဒါန်းသူအလှူရှင်များအတွက် ကတိအတိုင်း တင်ပေးခြင်းသာဖြစ်ပါသည်။)
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...