မိုးသောက်ယံသို့ ရောက်ရှိလုပြီဖြစ်၍ထင့် အအေးဓာတ်ကသိသိသာသာပိုကဲလာသည်။ မျှော်စင်ရင်ပြင်သည်ကား အမြင့်ဆုံးတွင်တည်ရှိသလို အကာအရံများလဲမရှိလှသည်မို့ ပို၍ အအေးပိုလှသည်။ တစ်ညလုံးထိုင်နေရာမှ မိုးသောက်ယံတွင်ကျမှ ထိုင်လျက်လေး အိပ်ပျော်သွားခြင်းကြောင့် တစ်ကိုယ်လုံးတောင့်တင်းနေခြင်းကို ပြေလျော့စေဖို့ရာ အိုင်းဆက်အသာထရပ်ကာ ခါးဆန့်လိုက်ဧ။်။ မိမိဧ။်တစ်ဖက်ခြင်းမလှမ်းမကမ်းတွင် တိုင်တိုမှီ၍အိပ်ပျော်နေသော ကောင်းယံ။
ခြေလှမ်းကိုဖွလျှောက်ကာ သူဧ။်ရှေ့တွင်အသာထိုင်လိုက်သည်။ မျက်တောင်စင်းစင်းလေးများ၊ ညိုမောင်းသည့်အသားအရည်၊ ပါးရိုးကျကျနှင့် ကောင်းယံက ခန့်ညားသောအသွင်ကိုဆောင်ဧ။်။ မိမိအနှစ်သက်ဆုံးကိုပြောပါဆိုလျှင် ညိုစိမ့်စိမ့်နှုတ်ခမ်းတစ်စုံနှင့် ရယ်မောလိုက်တိုင်းအစီအရီ စီတန်းပေါ်လာသော သွားတန်းလေးများပင်ဖြစ်ဧ။်။ နှုတ်ခမ်းကိုစေ့ထားခြင်းကြောင့် သွားတန်းလေးများကိုမမြင်ရသော်ငြား မက်မောရသည့် ညိုစိမ့်စိမ့်နှုတ်ခမ်းတွေကတော့ အကာအကွယ်မရှိ ထင်းထင်းကြီးပေါ်နေခဲ့သည်။
"ကျွန်တော်မျိုးရဲ့ ခန့်ညားမှုမှာနစ်မြောနေပါပြီလား အရှင့်သား"
မျက်လုံးမဖွင့်လာပဲ ခပ်တိုးတိုးဆိုလာသည့် ကောင်းယံဧ။်စကားသံကြောင့် အိုင်းဆက်တွန့်သွားသော်လည်း လန့်ဖျန့်ခြင်းတော့မရှိ။ အဘယ်ကြောင့်ဆိုသော် ကောင်းယံသည်လည်း သူလာခဲ့ရာနေရာမှာ အစောင့်အရှောက် တာဝန်ထမ်းဆောင်နေသူပေမို့ ဤမျှလောက်တော့ ပါးနပ်ပေလိမ့်မည်။
"ညိုစိမ့်နေတဲ့ ဒီနှုတ်ခမ်းတစ်စုံက ငါ့ကိုစွဲဆောင်ပေလွန်းနေရော့တယ် "
"နမ်းရှိုက်ချင်ပါသလား အရှင့်သား"
ဟု ဆို၍ ဖြည်းညင်းစွာဖွင့်ဟလာသည့် မျက်ဝန်းတစ်စုံနှင့်အတူ နှုတ်ခမ်းလေးများကွေးတက်လာကာ မိမိဧ။်မျက်နှာအနီးသို့တိုးကပ်လာသည့် ကောင်းယံကို အိုင်းဆက်မရှောင်မိ။ ထို့ကြောင့်မိမိဧ။်နှုတ်ခမ်းသားများသည် စုပ်ယူထွေးခြင်းကို ခံလိုက်ရလေသည်။ အလိုက်သင့်တုံ့ပြန်ရင်းက ကောင်းယံသည် မိမိအသက်ရှုပ်ကြပ်လာသည်အထိကို ဦးဆောင်နမ်းရှိုက်၍ အပြုံးမပျက်ခြင်းကြောင့် တမင်လုပ်ယူနေကြောင်းကို အိုင်းဆက်သိရှိလိုက်သည့်အခါ သူဧ။်အောက်နှုတ်ခမ်းလေးကို ပြန်ဖိကိုက်လို့ထားလိုက်သည်။
YOU ARE READING
𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔𝕠𝕦𝕟𝕥 🦋
Fantasy13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေးသားမှာဖြစ်ပြီး Character နှစ်ယောက်စလုံးက Strong ဖြစ်တာကြောင့် ထိုအမျိုးအစားကို မနှစ်သက်သူတွေကျော်သွားလို့ ရအောင်ပါရှင်။ Name - Duchess of V...