အခန်း(၂၃)/အခန္း(၂၃)

2.6K 196 30
                                    

Unicode
********
ရေခဲတိုက်ထဲ ပိတ်မိနေစဉ်က...

တရိပ်ရိပ် ကျဆင်းသွားသော အပူချိန်ကြောင့်သစ်သစ်နှုတ်ခမ်းတွေက ဖြူဖျော့လာသည်။ သည်အချိန်မှာ ဖြတ်လမ်းနည်းကိုပဲ သူစဉ်းစားမိတာမမှား။ ချစ်ရသူ ဒုက္ခခံနေရရင် သည်တိုင်းရပ်ကြည့်မနေနိုင်တာ လူသားတိုင်းလိုလိုပဲမလား။

"သူဌေး ဘာလို့ အဝတ်တွေချွတ်..."

"ကိုယ်အပူရှိန်တက်အောင်လုပ်ဖို့ဒီတစ်နည်းပဲရှိတယ် ကျန်းမာရေးအရလို့တွေးလိုက်ရင် မင်းလည်းရှက်စရာမရှိတော့ဘူးနွေကသစ်"

သူဌေးပြောတာမမှားပေမဲ့ ကိုကိုကလွဲပြီး အခြားသူရှေ့ အခုလိုမနေနိုင်သည်မို့ သစ်သစ်ယတိပြတ်ငြင်းလိုက်သည်။

"ရပါတယ် ဒီလောက်အအေးရှိန်က ကျွန်တော့်ကိုမသေစေနိုင်ပါဘူး ဒီတိုင်းပဲနေပါ"

မော်ထက်ရှားခေါင်းမာလွန်းသောကောင်လေးကိုကြည့်ရင်း အားမလိုအားမရဖြစ်လာသည်။ ယခုချိန်မှာတော့ ဘာတပ်မက်စိတ်မှမပါဘဲ သူ့အတွက် သူတစ်ခုခုဖြစ်မှာစိုးလို့တွေးပေးသည်ဆိုတာ တစ်ရာ ရာခိုင်နှုန်းအာမခံသည်။ သို့သော် ၎င်းကတစ်ယူသန်သည်။

"မင်းဒီထဲမှာတစ်ခုခုဖြစ်သွားရင် မင်းပျောက်နေတဲ့ ခင်ပွန်းကိုလည်းတွေ့နိုင်မှာမဟုတ်တော့ဘူးနော် မင်းအခုချိန်ဦးစားပေးရမှာဘာလဲ သိတတ်ပါစေ"

သူထိုသို့ပြောလိုက်တော့ ချမ်းတုန်‌နေသည့်ကြားက မေးရိုက်သံ ထွက်နေပေမဲ့ သစ်သစ်ကခေါင်းခါပြလာသည်။

ပြာနှမ်းလာတဲ့နှုတ်ခမ်းတွေအားအပူငွေ့ပေးလိုက်ချင်သည်။ ထိုတုန်ရီနေသောကိုယ်လေးအားဖက်တွယ်ချင်သည်။သို့သော်ထိုလူသားဟာသူ့အပိုင်မဟုတ်သေးချေ။

ကြည့်နေရင်းကမကြာပါ။ လဲကျသွားသည်မို့ အနားသွားကာ ပွေ့ပိုက်လိုက်ရသည်။

ကိုယ်နှစ်ခု ပွတ်တိုက်ရင်းအပူချိန်တက်လာမှစိတ်အေးသွားပေမဲ့ သူနိုးလာရင်အထင်လွဲမှာတော့ကြောက်မိသေးသည်။

*ဒါက အချစ်လား
*မင်းငြိုငြင်မှာကြောက်တဲ့စိတ်
*မင်းတစ်ခုခုဖြစ်မှာကိုမင်းထက်အရင်စိုးရိမ်မိတဲ့စိတ်...

သစ်သစ်က​ယောကျာ်း​ကြောက်ရတယ်(Completed)Wo Geschichten leben. Entdecke jetzt