That NIGHT

3K 351 17
                                    

#Unicode

Partyပွဲတစ်ခုတွင်ဖြစ်သည်။

Celineရဲ့ နှစ်စဥ်ကျင်းပနေကျ Model Showပွဲတစ်ခုအပြီးမှာ တက်ရောက်ကြတဲ့ VIP Guestများနဲ့အတူ အနုပညာရှင် modelတစ်ချို့လည်း ထိုပွဲကို တက်ရောက်ခွင့်ရကြသည်။

မီးရောင်စုံတဖျက်ဖျက် တီးလုံးသံညံညံဖြင့် လူတိုင်းနီးပါးက alcoholအရှိန်ကြောင့် ရီဝေဝေရယ်....

ထယ်ယောင်းက တက်သစ်စmodelလေးဖြစ်သည့်အပြင် ရုပ်ရည်ကထူးကဲသာလွန်တာကြောင့် J Entertainment ဆီကခွင့်ပြုချက်ဖြင့် Celineရဲ့ main modelအဖြစ် အချိန်ခဏလေးအတွင်း နေရာယူနိုင်ခဲ့သည်။

"အာ ဒီအရသာကြီး ခံစားရခက်လိုက်တာ "

ဘေစင်တွင် ပလုတ်ကျင်းနေမိသည်။alcoholဆို 10%လောက်သာ လက်ခံနိုင်သူမို့ ရှန်ပိန်နှစ်ခွက်လောက်ကို တစ်ဆက်တည်း oneshotလုပ်လာရတာဟာ တကယ်မလွယ်လှပေ။

သူလက်ဆေးနေစဥ် လူတစ်ယောက် သန့်စင်ခန်းထဲသို့ ဝင်လာတာကိုသတိထားမိသည်။

ထိုလူပုံစံကတစ်စုံတစ်ခုကို အလျင်လိုနေသလိုဖြစ်နေမှန်း မျက်ဝန်းထောင့်မှမြင်နေရသည်။

မျက်နှာကိုရေဖြင့် အဖန်တလဲလဲသစ်နေပြီး ဘေစင်ပေါ်လက်ထောက်က အသက်ကိုခက်ပြင်းပြင်းရှူနေပြန်သည်။

ထယ်ယောင်း မူမမှန်သည့်အခြေနေမို့ သေချာအကဲခတ်ကြည့်လိုက်သည်။

မဟုတ်မှ ရောဂါတစ်ခုခုများဖောက်လို့လား?

" ဒီမှာ အဆင်ပြေရဲ့လား "

သူထိုလူ့ဆီကို လက်လှမ်းမိသော်လည်း အသားကိုဖြင့်မထိမိအောင် အကွာအဝေးတစ်ခုတော့ထား ထားသည်။

" ဒီမှာ တစ်ခုခုအကူညီလိုလား "

ထိုလူက ထယ်ယောင်းထက်အနည်းငယ်ထွားပြီး အရပ်သည်လည်း မဆိုသလောက်လေးပိုရှည်လောက်မည်။

ထယ်ယောင်း၏ အမေးစကားကြောင့် သူ့အသက်ရှူသံတွေ ခက်ပြင်းပြင်းမှ ပုံမှန်သို့ပြောင်းသွားတာ သတိထားမိလိုက်သည်။

သန့်စင်ခန်းထဲတွင်သူတို့နှစ်ဦးသာရှိသည်မို့ ပိုသိသာနေသည်။

One Shot CollectionWhere stories live. Discover now