FRIEND?

1.5K 185 9
                                    

#unicode

ကောင်းကင်တစ်ခုလုံးက အုံ့မှိုင်းနေကာ လေပြေတွေ တိုက်ခတ်နေမှုကြောင့် ဆေးရုံကြီး၏ ဝန်းထဲတွင်ရှိသော သစ်ပင်ကြီးငယ်များက ဟိုဒီယိမ်းနွဲ့နေကြလေသည်။

" မွေးလူနာနှစ်ယောက် ခဏနေ ခွဲခန်းထဲဝင်ရမှာမို့ အဆင်သင့်ပြင်ထားပါနော် "

အကူnurseလေး၏ အပြောကို သူမတို့နှစ်ယောက်လုံး ခေါင်းငြိမ့်တုန့်ပြန်လိုက်ကြသည်။

ဒီနေ့ဟာ သူမတို့၏ ရင်နှစ်သည်းချာလေးများကို လောကကြီးထံသို့ ခေါ်ဆောင်မည့်နေ့ဖြစ်လေသည်။

မကြာခင်အချိန်တွင်းမှာပဲ မိုးစက်မိုးဖွားကလေးတွေက ကမ္ဘာမြေပြင်ထက်သို့ အလုအယက်ပြေးဆင်းလာကြလေခိုက် သူမတို့နှစ်ဦးလည်း ခွဲခန်းထဲသို့ ဝင်ကြရတော့သည်။

အမျိုးသားဖြစ်သူတွေက သူမတို့နှင့်အတူ ခွဲခန်းထဲထိဝင်ရောက်ပြီး အင်အားဖြစ်စေခဲ့တာမို့ သူမတို့၏ ရင်မှဖြစ်သော ရင်သွေးလေးများကို အောင်မြင်စွာပဲ လောကကြီးသို့ ခေါ်ဆောင်နိုင်ခဲ့လေသည်။

" အူဝဲ အူဝဲ..... "

အပြင်လောကကြီးမှ မိုးစက်မိုးပေါက်တွေ၏ အသံနှင့်အပြိုင် ကလေးငယ်နှစ်ယောက်၏ ငိုကြွေးသံဟာ ဆေးရုံထဲတွင် ပျံ့နှံ့လာခဲ့တော့သည်။

၁၀နှစ်ခန့်ကြာသောအခါ......

မိုးဦးအစမို့ မိုးရွာပြီးချင်းမှာပဲ လူငယ်လေးအုပ်စုက ပန်းခြံကလေးတစ်ခုအတွင်းရှိ ဘောလုံးကွင်းဆီကို စုံရုံးချီတက်လာကြလေသည်။

မိုးရွာပြီးကာစမို့ တိမ်ညိုတွေဟာ သိပ်မပြယ်ချင်သေး။အုံ့မှိုင်းမှိုင်းအချိန်ဖြစ်ကာ လေပြေအေးတစ်ချို့က အရှိန်အနည်းငယ် ပါရုံမျှသာတိုက်ခတ်နေလေသည်။

ဂျောင်ဂုသည် အုံ့မှိုင်းမှိုင်းကောင်းကင်အား တစ်ချက်ငေးကာ

" ရာသီဥတုက လွမ်းချင်စရာကွာ! "

" အခုမှအလယ်တန်းတက်မယ့်ကောင်ကများ ကြီးကြီးကျယ်ကျယ် "

ဂျောင်ဂု၏ ခံစားချက်အပြည့်ဖြင့်ပြောလာသော စကားလုံးတို့အား တနင့်တပိုးပိတ်ဆို့လိုက်သူဟာ နှစ်ယောက်မရှိသော ထယ်ယောင်းပါပင်....

You've reached the end of published parts.

⏰ Last updated: May 27, 2023 ⏰

Add this story to your Library to get notified about new parts!

One Shot CollectionWhere stories live. Discover now