My Ex Boyfriend Is My CEO #14

1.9K 304 52
                                    

[Unicode]

"Arr....အကျီချွတ်နဲ့ဘာလာလုပ်ပြန်ပီလဲ"

"ရေချိုးမလို့လေ"

"CEO Jeon Jungkook shii ရဲ့အခန်းမှာရေချိုးခန်းမရှိလို့လား"

"ရေပိုက်ပျက်နေတယ်လို့ပြောတယ်လေ"

"ပြင်လေ ရေပိုက်ပြင်တဲ့သမားဆီဖုန်းဆက်ပေးမယ်"

"နေနေမလိုဖူး"

"ဟမ်"

"မလိုဖူးဆိုတာ ဟိုဟာလေ ဟိုဟာ ရေပိုက်ပြင်တဲ့သူကနေမကောင်းလို့ နေကောင်းမှလာပြင်ပေးမယ်တဲ့"

"ဒါဆိုအခြားတစ်ယောက်စီဆက်ပေးမယ်လေ ရေပိုက်ပြင်တဲ့သမားကသူတစ်ယောက်ထဲရှိတာမှမဟုတ်တာ"

"မခေါ်ဖူး"

"ဘာဖြစ်ပြန်တာလဲ"

"သူနဲ့ဘဲပြင်မှာအခြားသူပြင်တာမလိုချင်ဖူး ခုလည်းမင်းအခန်းမှာရေချိုးလည်းအဆင်ပြေနေတာဘဲကို"

"ကျွန်တော်အဆင်မပြေဖူး"

"ဘာလို့"

"ခင်ဗျားက ရေချိုးမယ်ဆိုလည်း တံခါးလေးဘာလေးခေါက်ပြီးမှ၀င်လာပေါ့ ခုဟာကခင်ဗျားကမပြောမဆိုနဲ့၀င်လာတယ် ပြီး...ပြီးတော့...ပြီးတော့"

"ပြီးတော့ဘာဖြစ်လည်း"

"အကျီချွတ်နဲ့ လူမြင်လို့မကောင်း"

"လူမြင်မကောင်းတာဘာလုပ်နေလို့လဲ ရေချိုးမလို့အကျီချွတ်တာကိုအထူးအဆန်းလုပ်လို့ ဖယ်ရှေ့ကအလုပ်နောက်ကျရင်လစာထဲကဖြတ်မှာ"

ပြောချင်တာပြောပြီး CEOဆိုတဲ့ Jeon Jungkook ရေချိုးခန်းထဲ၀င်သွားတော့မှ အပြင်ကကောင်လေးဟာပွစိပွစိပြောရင်းသာ။

"သူကိုလည်းနိုးပေးရသေးတယ် သူဟာသူအိပ်ပုတ်ကြီးလို့နောက်ကျနေပီးတော့များ လူကိုများလစာဖြတ်မယ်တဲ့တော်တော်တရားတဲ့လူဘဲ ပြီးတော့ဘာတဲ့ရေချိုးမလို့အကျီချွတ်တာတဲ့ ရေချိုးခန်းရောက်မှချွတ်ရင်ဘာဖြစ်မှာမို့လို့လဲ ဒါသက်သက်သူ့ရဲ့ပေါင်မုန့်တွေနဲ့လူကိုမြူစွယ်ဖျားယောင်းနေတာ"

"ဆော့ဂျင် ကိုယ့်ရဲ့အကျီရော"

"ကုတင်ပေါ်မှာတင်ပေးထားတယ်လေ"

My Ex Boyfriend Is My CEOWhere stories live. Discover now