My Ex Boyfriend Is My CEO #20

1.8K 276 85
                                    

[Unicode]

"ဒါနဲ့..."

"ပြောလေဆော့ဂျင်"

"Good night ပါ ဒီညတော့လက်လည်းသက်သာနေပီမို့ ကိုယ့်ဟာကိုယ်ဘဲအိပ်ကြတာပေါ့"

"ဒါပေမယ့်"

"တကယ်သက်သာနေမို့လို့ပါ ဒါဆို ကျွန်တော်ကိုသွားခွင့်ပြုပါဦး "

ကျန်ခဲ့တဲ့ CEOဆိုတဲ့ Jeon Jungkook ဘာဆက်ပြောနေလဲနားမထောင်ဘဲအခန်းထဲ၀င်ပြီး တံခါးကိုသာလော့ချထားလိုက်ရင်း တံခါးနားမှာမှီကာရပ်နေမိသည်။

*ကိုယ်တိုင်လည်းမလိုချင်ဖူးဆိုပြီး ဘာလို့ဆုံးရှုံးရမှာကိုကြောက်နေတာလဲ ကင်မ်ဆော့ဂျင် *

တံခါးအပြင်မှာရပ်နေတဲ့ကောင်လေးဟာလည်း တံခါးကိုခေါက်သင့်မခေါက်သင့်စဉ်းစားကာ ရပ်နေဆဲ။

တစ်ညလုံးအတွေးပေါင်းစုံနဲ့အိပ်မရဖြစ်နေတာ မိုးလင်းခါနီးမှအိပ်ပျော်သွားတော့သည် အိပ်ရေးမ၀တာကြောင့်လူကနိုးတာတော့နေလို့မကောင်းပေ။

လက်ဒဏ်ရာရနေတာကိုမေ့ပြီး ဒဏ်ဖြစ်နေတဲ့ညာဘက်လက်နဲ့အိပ်ရာကိုလက်ထောက်ပြီးထလိုက်တော့ ဆစ်ခနဲနဲ့နာသွားတော့သည်။

"အားသေပါပီ နာလိုက်တာ တော်သေးတာပေါ့ CEOဆိုတဲ့ Jeon Jungkook သာသိရင် ပွစိပွစိပြောဦးမှာ"

အိပ်ရေးမ၀လည်းအလုပ်တော့ရအောင်သွားရမယ်ဒီနေ့တော့ အလုပ်ပျက်ရက်များတာမျိုးတွေမလိုချင်။

"အာရီးဂူးမှန်ထဲမှာမြင်နေရတဲ့ ကောင်လေးဟာဘယ်သူပါလိမ့်ချောလိုက်တာကွာ တကယ်သက်ရှိနတ်သားလေးလိုဘဲ တကယ်ပါဘဲငါဆိုသည်မှာလည်းဘာလို့ဒီလောက်ရုပ်ချောနေရတာလဲ စိတ်ညစ်လိုက်တာ တစ်ခါတစ်လေတော့ရုပ်ဆိုးကြည့်ချင်လိုက်တာ"

ရေချိုးပြင်ဆင်ပြီးနောက်အခန်းတံခါးဖွင့်ပြီးအပြင်ထွက်မယ်အလုပ် တစ်ဖက်အခန်းတံခါးထဲက CEOဆိုတဲ့ Jeon Jungkook ကိုမြင်တော့ အနည်းငယ်ပင်လန့်ဖြန့်သွားတော့သည်။

"‌နိုးပီလားဆော့ဂျင်"

"အွန်း morning CEOဆိုတဲ့ Jeon Jungkook shii "

မနေ့ကကျတော့မသွားချင်တဲ့ပုံစံနဲ့ဒီနေ့ကျတော့ကြင်ယာဖက်လေးတွေ့မျာကိုပြင်ဆင်ထားလိုက်တာများ မင်းသားတောင်အရှုံးပေးရလောက်တယ် ဆံပင်ကလည်းပုံသွင်းပြီးလှန်တင်ထားတာ တစ်စက်မှကြည့်မကောင်း၊ နဖူးကြီးပြောင်ပြီးတော့ ပြောင်ကြီး၊ မျက်နှာက‌လည်းဘာတွေလိမ်းထားမှန်းမသိ ဖွေးဖြူလို့ ဘယ်လောက်ပြင်ပြင်ငါ့လောက်လဲမချောဘဲနဲ့များ။

My Ex Boyfriend Is My CEODonde viven las historias. Descúbrelo ahora