3.U

286 38 5
                                    

"ကိုယ့်အိမ်လိုက်ခဲ့"ဆိုတဲ့ တောင်းဆိုချက်လဲမဟုတ်
အမိန့်လို့လဲ ဆိုမရတဲ့စကားတစ်ခွန်းကြောင့်
တစ်မိုးအောက်ယန်းဂျောင်ဝန်း အမှန်ပင် P&J groupကCEOကြီး၏အိမ်၌ ရောက်နေပြီဖြစ်သည်

စီးလာတဲ့ကားက ဇိမ်ခံကားအရှည်ကြီးပင်
တစ်စီးထဲနဲ့မပြီး ကိုယ်ရံတော်ဆိုလားပဲ
အဲ့ဟာတွေရှစ်ယောက်က ကားနှစ်စီးဖြင့်ပါသေး၏
ဒါတွေတွေးမိလို့ ဂျောင်ဝန်း မခုတ်တတ်တဲ့ကြောင်လေးသဖွယ် အိမ်မှာထဲက ဟန်ပြခဲ့ခြင်းဖြစ်သည်
သူ့ကိုအုပ်စုလိုက်ကြီး ဝိုင်းလုပ်လိုက်ကြမှဖြင့် ဂစ်..

ရောက်ပြီဆိုလို့ ကားပေါ်ကဆင်းကြည့်တော့
အတော်အသင့်ချမ်းသာတဲ့သူ့မှာလဲ ပါးစပ်ဟောင်းလောင်း
အိမ်ကြီးက အပြင်ခြံစီးရိုးကစလို့ လျှောက်လမ်းအထိ
ကျောက်ဖြူသားများဖြင့် စီခြယ်ထားသည်
သေချာကြည့်လျှင် ရွှေမှုန်လိုအလက်အလက်လေးတွေတောင်ပါသေး
သုံးသပ်နေတုန်းတစ်ပြိုက်နက် 'အခုရွေးမိတဲ့လမ်းအဆင်မပြေရင် အဲ့ကျောက်တွေခွာရောင်းပစ်ရမယ်' ဟုလဲ ကြံနေမိသည်

အိမ်အပြင်ထက် အိမ်အတွင်းပိုင်းကပိုကျက်သရေရှိ၏
ရွှေရောင် ငွေရောင် အဖြူရောင်နှင့် မီးခိုးရောင်တို့ကို
အချိုးတကျပေါင်းစပ်မှုတို့က လူကိုရှိန်စေသည်
ပိုင်ဆိုင်သမျှယူလာတာတောင် ဂျောင်းဝန်းတွင်
လက်ဆွဲအိတ်တစ်အိတ်နှင့် ကျောပိုးအိတ်တစ်ခုစာသာ ရှိတာမို့ လူကအလိုလိုနေရင်း သိမ်ငယ်သလိုလို
ဘာပဲဖြစ်ဖြစ်သူကဒါတွေပိုင်တဲ့လူကို
ယောက်ျားလောင်းတော်ရမှာလေ အို ဘာအရေးလဲ အဟိ

"ဒါမင်းနေရမယ့်အခန်း လိုတာရှိရင်ပြော ကိုယ်ကဟိုးဘက်ထောင့်ဆုံးခန်းမှာရှိတယ် မင်းရှေ့ကအခန်းကတော့ ကိုယ့်အလုပ်ခန်း အိုခေ?"

မျက်လုံး ကလယ်ကလယ်ဖြင့်ခေါ်ရာနောက်
လိုက်လာတာ အခန်းရှေ့ရောက်မှအသိဝင်သည်
ဒီမှာတောင် အိမ်ကဒီလိုဆို ကိုရီးယားမှာသာဆို...
'ဂလု' တံတွေးပင်နင်ချင်သလိုလိုဖြစ်ရ၏

အိုကေဆိုင်းကိုလက်ဖြင့်ပြန်လုပ်ပြမိတော့
တစ်ချက်ပြုံးပြကာသူ့အခန်းဘက်ပြန်သွားသည်

Nothing can come betweenWhere stories live. Discover now