"ဒီတစ်ခါတော့ သူ ကျွန်တော့်ဆီ တကယ်ပြန်မလာတော့ဘူး ထင်ပါတယ်ဗျာ..."
တွေ့ဆုံခြင်းတွေရှိရင် ခွဲခွာခြင်းတွေလဲ ရှိစမြဲပဲ မဟုတ်လား...။
ငယ်ငယ်တည်းက ဘာကိုမှ အလေးနက်မထားခဲ့တဲ့ ကျွန်တော်။
ကျွန်တော့်မှာ Hyung တစ်ယောက်လုံးရှိတယ်။
Hyung ရှိရင် ကျွန်တော် ကျောင်းနောက်ကျမှာ မပူရဘူး အမြဲကျောင်းအမှီလာနှိုးပေးနေကျ...။"Jeon ထ ထ ၈နာရီခွဲနေပြီ ထတော့ ကျောင်းနောက်ကျမယ်။ Alarm ပေးထားဆိုတော့လဲ မပေးထားဘူး မင်း ဘယ်တော့မှ ပြောမရဘူး အဆိုးကောင်"
"Hyung တစ်ယောက်လုံး ရှိနေတာ ပေးစရာလားဗျာ...Alarm သံက ဆူတယ် နားငြီးတယ် Hyung လို ချော့နှိုးတာမဟုတ်ဖူး သူက"
"ကဲ ကဲ ထပါ နောက်ကျမယ်လို့ Jeon...
ငါ သွားတိုက်ဆေးလဲ ထည့်ပေးထားတယ် ကျောင်းအင်္ကျီလဲ ထုတ်ပေးထားတယ် မြန်မြန်သွားလုပ်ပါကွာ သွား"မနက်တိုင်း ဒီလိုပါပဲ...။
ကျောင်းသွားခါနီးလဲ ကျွန်တော့်ကျောင်းစာအုပ်တွေ လိုအပ်တာ မှန်သမျှ ကိုယ်တိုင် ပြင်ဆင်ပေးတဲ့ ကျွန်တော့် Hyung သေးသေးလေး။
"Jeon ရေ မင်းစာအုပ်တွေကို သပ်သပ်ရပ်ရပ်လေး ကိုင်ပါကွာ"
ကျောင်းသွားရင်လဲ အာ့သေးသေးလေးက ကျွန်တော့်ကို သူ့စက်ဘီးပေါ် တင်နင်းသေးတာ...။
"Hyung ကျွန်တော် နင်းရမလား ဒီနေ့"
"မနင်းနဲ့ မင်းနင်းရင် ငါလမ်းပဲ လျှောက်သွားလိုက်တော့မယ် မလိုက်ဘူး မင်းနောက်က"
Jungkook ပါးချိုင့်သေးသေးလေးတွေပေါ်ရုံမျှပြုံးလျှက်...
"Hyung ရယ် တစ်ခါတစ်လေလေး ဖြစ်တာကို"
"တော်တော် Jeon Jungkook မရှည်နဲ့ ငါ့နောက်ကပဲလိုက်"
ဟုတ်ပါသည်။ တစ်နေ့ သူ့ကို စက်ဘီးနောက်ကထိုင်ခိုင်းပြီး စရင်းနောက်ရင်း အမြန်နင်းပြီး စက်ဘီးမှောက်သွားတည်းက သူကျွန်တော့်စက်ဘီးနောက်က မလိုက်တော့တာ။ မဟုတ်ဖူး ကျွန်တော့်ခြေထောက်ဒဏ်ရာရသွားလို့တဲ့ စက်ဘီးကို ပေးမနင်းတော့တာ ခုထိပဲ။ အာ့နေ့က သူ့ခြေထောက်သေးသေးလေးတွေလဲ ဒဏ်ရာရခဲ့ပေမယ့် ကျွန်တော်ဒဏ်ရာရသွားလို့ သူက ပိုစိတ်ဆိုးနေခဲ့သေးတာ။
YOU ARE READING
The Ghost
Fanfictionအဲ့ဒီနေ့က အရာအားလုံးရဲ့ အဆုံးသတ်ပဲ။ ဒီတစ်ခါတော့ သူ ကျွန်တော့်ဆီ တကယ်ပြန်မလာတော့ဘူးထင်ပါတယ်ဗျာ...။