The Ghost (Part 9)

244 29 6
                                    

ရေချိုးနေရင်း ညနေက အကြောင်းအရာများကို ပြန်တွေးနေမိသည်။

"ဝိဥာည်တိုင်းက ဘဝမကူးနိုင်ပါဘူး
သူတို့ကို ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ လုပ်ပေးတဲ့အခါ သူတို့ဘက်က အဲ့ဒီကုသိုလ်တွေကို ယူနိုင်တဲ့အခါမှသာ တခြားသောဘဝကို ကောင်းကောင်းမွန်မွန် ကူးနိုင်တာပါ"

"ဒါဆို ကျွန်မရော သူ့မိဘတွေရော သူ့အတွက် ကုသိုလ်တွေ နေ့တိုင်းပြုပေးနေတာပါ ဆရာ သူကဘာလို့ ခုချိန်ထိ ဘဝမကူးနိုင်သေးတာလဲ"

"ဒါကတော့ ရှင်းပါတယ် မင်းတို့ပြုလုပ်ပေးနေတဲ့ ကောင်းမှုကုသိုလ်တွေကို သူ့ဘက်က လက်မခံလို့ပါ ကြည့်ရတာ သူ ဘဝမကူးချင်သေးဘူးထင်တယ် အေးလေ အစွဲတွေရှိနေတော့ ဘယ်လွတ်မြောက်ချင်ပါအုံးမလဲ"

"ဒီတိုင်းထားလို့တော့ မရဘူးမလား ဆရာ ကျွန်မ ကလေး ၂ယောက်လုံးကို စိတ်ပူတယ်"

"လူသားနဲ့ဝိဥာည် ဒီတိုင်း တစ်သက်လုံးတော့ အတူနေလို့ မရပါဘူး တစ်ချိန်ချိန်တော့ လွှတ်ပေးလိုက်ရမှာပါပဲ...တစ်ခုပဲ အချိန်အရမ်းနောက်ကျသွားရင်တော့ သူ နောက်ထပ် ဘဝကို ဘယ်တော့မှ ကူးလို့ ရမှာ မဟုတ်တော့ဘူး"

Jungkook ဘာမှ ဝင်မပြောဘဲ ငြိမ်သက်စွာနားထောင်နေမိသည်။

"အဓိက ကတော့ အစွဲတွေပါပဲ
ခုတောင် သူစွဲလမ်းမိလို့ ဆုံးတယ်ဆို ဒီကို ပြန်ရောက်လာခဲ့တာ မဟုတ်လား ဒီထက့်အချိန်တွေ ပိုကြာလာရင် သံယောစဥ်တွေ ပိုဖြစ်လာပြီး အစွဲတွေလဲ ပိုကြီးလာတဲ့အခါ ဒုက္ခရောက်မှာက သူကိုယ်တိုင်ပါပဲ အာ့တော့ ဒီကိစ္စမှာ အဓိက ဖြစ်တဲ့မင်းက သေချာစဥ်းစားပြီး ဆုံးဖြတ်ပါ"

ကျွန်တော့်ကို သေချာကြည့်ကာပြောလာခဲ့သောစကား...

.....................................................................

ကျွန်တော်အခုလုပ်နေတာတွေက မှန်ကော မှန်ရဲ့လား...။
Hyung ကျွန်တော့်ကို တော်တော်မုန်းသွားမယ်ထင်တယ်နော် ။ မတတ်နိုင်ဘူးလေ ကျွန်တော် သူ့အတွက် လုပ်ပေးတာ သူကောင်းဖို့ပဲလေ။
ခင်ဗျားတို့ Hyung ကိုပဲ သနားမနေကြနဲ့
ကိုယ်ချစ်တဲ့သူကို ကိုယ်တိုင်နှင်ထုတ်နေရတဲ့ ကျွန်တော်လဲ ရင်တွေနာရတယ်ဗျ။

The GhostWhere stories live. Discover now