Chapter - 1

606 78 1
                                    

Unicode

"အား!လုပ်ကြပါဦး သခင်လေးခုန်းရှီ..သစ်ပင်ပေါ်ကပြုတ်ကျလို့!!

မိန်းကလေးတစ်ယောက်၏အလန့်တကြားအော်သံဟာ ဟိန်းထွက်လာပြီး လူတချို့ဟာ အိမ်ထဲမှအလောတကြီးပြေးလာကြ၏။ရန်လျိုမင်ဟာလည်း သူ့အဖေနဲ့အမေအနောက်မှအပြေးအလွှားလိုက်လာခဲ့ပြီး သစ်ပင်အနီးရောက်တော့ သူ့ညီရန်ခုန်းရှီဟာ ကောင်ကလေးတစ်ယောက်ရဲ့ကိုယ်ပေါ်၌လဲကျနေသည်။

"သား..သားငယ် ဘယ်လိုဖြစ်ရတာလဲ..ဘယ်နားနာသွားသလဲ ပြပါဦး အမေ့ကို!"

အမေဟာ သူ့ညီရန်ခုန်းရှီကို စိုးရိမ်ပူပန်မှုများစွာဖြင့် တစ်ကိုယ်လုံးကိုစစ်ဆေးကာကြည့်ရှုနေပြီး အဖေကတော့ အိမ်ရဲ့အလုပ်သမားတချို့ကို ဆရာဝန်ခေါ်ဖို့ပြောဆိုနေ၏။ထိုနောက် အမေနဲ့အဖေဟာ သူ့ညီရန်ခုန်းရှီကို အိမ်ထဲသို့ ခေါ်သွားကြသည်။

ရန်လျိုမင် သူ့ညီရဲ့ကမြင်းကြောထမှုကိုကြည့်ပြီးခေါင်းကိုသာခါယမ်းမိသည်။ထိုနောက် မြေကြီးပေါ်မှာလဲကျနေတုန်းဖြစ်တဲ့ သူ့ညီနဲ့အရွယ်တူကောင်ကလေးအနားသို့ လျှောက်သွားလိုက်ကာ ထိုကောင်ကလေးရှေ့၌ထိုင်ချလိုက်သည်။

"ချာတိတ်..မင်းအဆင်ပြေရဲ့လား?"

"...."

ထိုကောင်ကလေးက ဘာမှမပြောပဲ သူ့ကိုစိုက်ကြည့်လာတယ်။ထိုနောက် ကောင်ကလေးက သူ့ရဲ့လက်တစ်စုံကို သူ့ရှေ့သို့ထိုးပြလာကာ.လေသံတိုးတိုးဖြင့်ပြောလာသည်။

"နာတယ်"

နာသည်ဟုပြောလာသော်လည်း အသံကတုန်ရီနေခြင်းမရှိ၊မျက်နှာကလည်း အမူအရာကင်းမဲ့လှ၏။ရန်လျိုမင် ချာတိတ်ရဲ့ လက်ကလေးကိုကြည့်လိုက်တယ်။လက်နှစ်ဖက်စလုံးမှာ ပွန်းပဲ့ရာတွေကဖုန်တွေသဲတွေနဲ့ပေကျံလို့နေတယ်။

ရန်လျိုမင် သူ့ဘောင်းဘီအိတ်ကပ်ထဲ၌ရှိသော လက်ကိုင်ပဝါကိုထုတ်လိုက်ပြီး ချာတိတ်ရဲ့ဒဏ်ရာကိုသုတ်ပေးလိုက်တယ်။ချာတိတ်က လက်ကလေးတစ်ချက်တွန့်သွားတာကြောင့် ရန်လျိုမင်ချော့လိုက်သည်။

"နာနေလား..အစ်ကို ဒဏ်ရာပေါ်ကသဲတွေဖယ်ပေးမယ်နော်၊မနာစေရပါဘူး။ ပြီးရင် ဒဏ်ရာကိုဆေးထည့်ဖို့ အစ်ကိုတစ်ယောက်ယောက်ကိုလွှတ်လိုက်မယ်။ ဟုတ်ပြီလား.."ဟု ပြောလည်းပြော ဘေးမှာရှိတဲ့အလုပ်သမားကို ဆေးသေတ္တာဘူးသွားယူခိုင်းလိုက်တယ်။ထိုနောက် ချာတိတ်ရဲ့ဒဏ်ရာကို ပဝါဖြင့်ပြန်သုတ်ပေးလိုက်ပြီး နာကျင်မှုသက်သာစေရန် လေဖြင့်တဖူးဖူးမှုတ်ပေးလိုက်သည်။

ချူဖုန်း × လျိုမင်(ချူဖုန်း  လျိုမင်)CompleteWhere stories live. Discover now