Chapter - 4

333 65 1
                                    

Unicode

"အင့်..."

တံခါးနဲ့ကျောဆောင့်မိသွားတာကြောင့် လျိုမင်ဆီမှအင့်ခနဲအသံထွက်သွား၏။ လျိုမင် ချူဖုန်းကိုကြည့်လိုက်တယ်။ ချူဖုန်းနဲ့သူက အရပ်မကွာပေမဲ့ ချူဖုန်းက သူ့ထက်အလွန်အားသန်သည်။ ချူဖုန်းဆုတ်ကိုင်ထားတဲ့ သူ့လက်ဆို ရုန်းလို့တောင်မရဘူး။

"ချူဖုန်း..ဘာဖြစ်လို့လဲ?"

"မကြိုက်ဘူး။"

လျိုမင် အံ့သြသွားတယ်။နောက်တော့ သူ့ရဲ့မျက်ဝန်းတစ်စုံက ပြုံးရိပ်သမ်းလာတယ်။
"ဘာကိုမကြိုက်တာလဲ?"ဟု ချူဖုန်းကိုစိုက်ကြည့်ကာ လျိုမင် မေးလိုက်တယ်။

ချူဖုန်းက တိတ်ဆိတ်သွားသည်။အတော်ကြာတဲ့အထိ စကားပြန်မပြောတာကြောင့် လျိုမင်လည်း စိတ်ပျက်သွားတယ်။ စိတ်ထဲရှိတဲ့အတိုင်း ဖွင့်ပြောလိုက်ရင် ဘာဖြစ်သွားမှာမလို့လဲ။

လျိုမင်က စိတ်ရှုပ်တဲ့ပုံစံဖြင့် သက်ပြင်းချကာ ချူဖုန်းကိုတွန်းလိုက်တယ်။သူ့လက်ကိုကိုင်ထားတဲ့ ချူဖုန်းရဲ့လက်ကိုလည်းဖြုတ်ချလိုက်တယ်။

"မပြောချင်ရင်လည်း ထားတော့၊ လာ အချိုရည်သောက်ပြီး မုန့်လာစား.."

"ခင်ဗျားက လူရှုပ်လူပွေတစ်ယောက်!"

"...."

မပြောတော့လည်းမပြောလို့ ပြောလာတော့လည်း သူ့ကိုရန်လာစနေသလားအောင့်မေ့ရတယ်။ လျိုမင်လည်း ချူဖုန်းစကားကြောင့် ခေါင်းကုတ်လိုက်တယ်။ ချူဖုန်းစကားကမှန်နေတာကြောင့် သူဒေါသတော့မထွက်ပေ။

သူပြောတာကို ဂရုမထားတဲ့အမူအရာနဲ့လျိုမင်ကြောင့် ချူဖုန်းက ဒေါသထွက်သွားတယ်။
"လူရှုပ်လူပွေ..ချစ်စရာကောင်လေးမြင်တိုင်းဖွန်ကြောင်တဲ့လူ!အချစ်ကိုမသိတဲ့လူ!"

လျိုမင် နင်သွားသည်။
"ဟာ..အဲ့လိုမပြောရဘူးလေ။ ကိုယ်ကလူရှုပ်လူပွေဆိုတာမှန်လို့ သည်းခံပေးနိုင်တယ်။ ဒါမဲ့ ချစ်စရာကောင်လေးမြင်တိုင်းဖွန်ကြောင်တယ်ဆိုတာကတော့ လွန်သွားပြီနော်.."

အေးလေ၊သူချစ်စရာကောင်လေးမြင်တိုင်းဖွန်ကြောင်တတ်တာမှမဟုတ်တာ၊ သူဖွန်ကြောင်တာက ချူဖုန်းနဲ့သူတဲ့ကောင်လေးတွေကိုပဲလေ။

ချူဖုန်း × လျိုမင်(ချူဖုန်း  လျိုမင်)CompleteWhere stories live. Discover now