Part 2

2.3K 136 4
                                    

Part 2

" မယ်မယ် "

  ဝမ်ရှင်း အုတ်တံတိုင်းပေါ်ကနေ အားရပါးရခုန်ချလိုက်ပေမဲ့ မယ်တော်က အောက်မှာ
အဆင်သင့်စောင့်နေသည်။

" ဒါ ဘယ်ကိုခိုးထွက်မလို့လဲ "

ဝမ်ရှင်း မယ်မယ်မိသွားသဖြင့်
အချိုသတ်ပြုံးကာ ခေါင်းကိုကုတ်လိုက်သည်။

" မင်းသားလေးဖြစ်ပြီး အုတ်တံတိုင်းကျော်တက်တယ်ပေါ့ တော်တော်ကိုအတင့်ရဲလှချည်လား "

" အား မယ်တော်နာတယ် "

  မယ်တော်က သူကိုနားရွက်ဆွဲပြီးခေါ်ဆောင်သွားလေသည်။

" မယ်မယ်! "

ညီတော်ကိုနားရွက်ဆွဲလာတဲ့ မယ်တော်ကိုမြင်ပြီး
ပိုင်ရန်ခေါ်လိုက်သည်။

" ကိုကို..ကိုကို သားကိုကယ်ပါအုံး "

" အစ်ကိုတော်လို့ခေါ်ရမယ်လို့ပြောထားတယ်လေ "

ဝမ်ယွမ် သားတော်၏နားရွက်ကိုလိမ်ဆွဲပြီး လွှတ်ပေးလိုက်သည်။

" အား..နာလိုက်တာ "

  ညီတော်က နှုတ်ခမ်းဆူကာ နားရွက်ကိုပွတ်နေသည်။ ဘယ်သူ့ကိုမှမမှု လွတ်လွတ်လပ်လပ်နေတဲ့
ညီတော်ပုံစံက တမူထူးခြားသည်။

"  သားတော် စစ်ရေးလေ့ကျင့်ပေးပြီး
ပြန်လာတာလား "

ပိုင်ရန်ဝတ်စားပုံကိုကြည့်ပြီး ဝမ်ယွမ်ဆိုလိုက်သည်။

"  ဟုတ်ကဲ့ ညီတော်က "

" သားတော်က သူနန်းဆောင်ကနေ
အပြင်မထွက်အောင် အစောင့်တွေနဲ့ ကြပ်မတ်
ထားတာကို အုတ်တံတိုင်းကျော်တက်တယ်လေ "

  ပိုင်ရန်ပြုံးမိသည်။ နန်းတော်မှာ ဒီလိုလုပ်နိုင်တာ
ညီတော်တစ်ယောက်တည်းပဲရှီမယ်

" နန်းဆောင်မှာနေရတာ အရမ်းပျင်းတယ် "

  ညီတော်က ဆူပုတ်ပုတ်နဲ့ ထက်ဖြေသည်။

" ဒီညဂုဏ်ပြုညစာစားပွဲရှီတယ် အားလုံးအလုပ်ရှုပ်နေတာ ပြဿနာမရှာနဲ့လို့ မယ်တော်တောင်းဆိုထားတယ်လေ "

" သားတော်က ဘယ်မှာပြဿနာရှာနေလို့လဲ "

ညီတော်က မယ်တော်ကိုတစ်ခွန်းမကျန်ပြန်ပြောပြီး
ဆူပုတ်နေသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော် S2حيث تعيش القصص. اكتشف الآن