"Sana yah နင်မနက်ဖြန်အားလား"
"အားပါတယ်ဟ ဘာလို့လဲ"
"ငါမနက်ဖြန်နေ့လည်ပိုင်းလောက် ဆေးပင်သွားတူးချင်လို့ ဒီမှာလဲကုန်တော့မှာ အာ့ကြောင့်ပါ"
"ရတယ်လေ လိုက်ခဲ့ပေးမယ်"
"ကျေးဇူးပဲနော်"
"ဒါနဲ့ Mina နင်လေ ဒီလိုမျိုးပဲနေတော့မှာလား"
"ငါကဒီလိုမနေလို့ ကနေရမှာလား"
"အဲ့တာပြောတာမဟုတ်ဘူးလေ တော်ပြီ မပြောတော့ဘူး"
ဆိုပြီး Sana ထထွက်သွားလေသည်။ထွက်သွားသော Sanaကိုကြည့်ပြီး Mina တယောက်ပြုံးမိသည်။ ငယ်ငယ်လေးထဲက ဆိုးအတူကောင်းဖက်ပေါင်းလာခဲ့တာပါ နောက်ပြီး အရာရာကိုတိုင်ပင်လို့ကောင်းတဲ့သူငယ်ချင်းပါ။ ဟုတ်ပါတယ် Mina က ဆေးဆရာတစ်ယောက်တဲ့ သမီးပါ အမေကတော့မရှိတော့ပါဘူး။ အကိုတစ်ယောက်ရှိပါတယ် အကိုကတော့ကုန်သည်ပေါ့။ Minaတို့က ချမ်းသာလားဆိုတော့လဲမဟုတ်ဘူး ဆင်းရဲလားဆိုတော့လဲမဟုတ်ဘူး အသင့်တင့်လောက်ပေါ့။Minaကအေးတယ် အနေတည်တယ် လှတယ် မဟုတ်ဘူး ကျက်သရေရှိတာ။စိတ်ထားလဲကောင်းတယ်။
နောက်တနေ့မနက်
"Mina yah ပြီးပြီလား သွားမယ်လေ"
"ပြီးပြီ သွားမယ်"
ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်ရင်းထွက်လာခဲ့သည်။တကယ်တော့ Minaတို့က မြို့တော်နဲ့နည်းနည်းလှမ်းတဲ့နေရာမှသီးသန့်နေပါတယ် ဘာလို့ဆို သူတို့ကဒီတိုင်းပြည်ကလူတွေမဟုတ်လို့ပါ။ရေတံခွန်နားသို့ရောက်သောအခါ
"Mina yah ငါဟိုဘက်လေးခဏသွားကြည့်ချင်တယ် နော် မဝေးပါဘူးဟာ"
"သွားလေ ဒါမဲ့ သတိထားသွားနော်"
"ကျေးဇူးပါ"
ဒီလိုနဲ့Mina အပင်ဆက်တူးနေလိုက်သည်။ တူးနေရင်းခြေသံတော့ကြားသည် Sanaဖြစ်မှာပါလေဆိုပြီး သတိမမူပေ။ ခနနေတော့Sanaပြန်ရောက်လာသည်။
"Mina မပြီးသေးဘူးလား"
"ပြီးပါပြီဟာ ပြန်ကြမယ်လေ"
"အေး"
နှစ်ယောက်သားလမ်းလျှောက်လာရင်း လမ်းမှာ Sanaကပဲအရင်စကားစလိုက်ပါတယ်