Chaeyoungဟာဆိုရင်ဖြင့် အိပ်နေရာမှမျက်လုံးပေါ်သို့အလင်းစူးစူးကြီးကျရောက်လာသဖြင့် နိုးလာလေသည်။ သူ့ရင်ခွင်ထဲမှာတော့ အပြစ်ကင်းစင်စွာအိပ်ပျော်နေရှာတဲ့ မိဖုရားလေးကိုကြည့်ပြီးပြုံးလိုက်မိတယ်။ တကယ်ကိုလှရက်လွန်းပါတယ် မျက်နှာလေးကဖြူဝင်းနေပြီး ခဏခဏမနာလိုဖြစ်ရတဲ့ မှဲ့များကလဲသူ့နေရာနှင့်သူကြည့်လို့ကောင်းနေပြန်သည်။ သူ၏လက်ချောင်းများဟာ သူမမျက်နှာပေါ်တွင်အပိုင်စားယူထားသည့်မှဲ့များအားအလိုအလျောက်ထိတွေ့နေမိသည်။ ဟော...သူထဲထိတွေ့လိုက်ရော အင်း အဲ ဖြင့် လှုပ်ယွလာပြီး သူ့ရင်ခွင်ထဲကထွက်ပြီး သူ့အားကျောပေးကာ တစ်ဖက်လှည့်၍ထပ်အိပ်ပျော်သွားရှာပါတယ်။
Chaeyoung's POV - ဒီလိုမျိုးကျတော့လဲတကယ့်ကိုကလေးတစ်ယောက်လိုပဲ။ အင်း....တစ်ခါတစ်လေကျပြန်တော့လဲ လူကြီးပုံစံနဲ့အော်လိုက် ဆုံးမလိုက်နဲ့ ဘယ်လိုမိန်းကလေးပါလိမ့်။
တစ်ဖက်သို့လှည့်ကာအိပ်နေသောသူမအား ခါးလေးကိုဖက်လိုက်၍ ဘာမှမဝတ်ဆင်ထားသဖြင့်လစ်ဟာနေသော ကျောပြင်ဖွေးဖွေးလေးအားတစ်ချက်နမ်းရှိုက်လိုက်တော့ ခန္ဓာကိုယ်လေးတွန့်လူးသွားပြန်တယ်။ နောက်တစ်ခါသွားလေးဖြင့်ဖွဖွလေးကိုက်ခဲလိုက်တော့ အသံလေးထွက်လာလေသည်။
"မင်းကြီးရယ် ကျွန်မကိုခဏလောက်တော့အိပ်ခွင့်ပေးပါ"
Chaeyoung သူမကိုပိုမိုတင်းကျပ်စွာဖက်လိုက်ပြီး ပခုံးလေးက်ိုနမ်းရှိုက်ကာ
"အိပ်ခွင့်မပေးနိုင်ပါဘူး ထတော့လေ"
သူမကိုမျက်လုံးကြီးမှိတ်လျှက်နှင့်ပင်
"ခဏလေးပါပဲ မင်းကြီးရယ်"
ဒီလောက်အအိပ်မက်သည့်သူမကို စချင်လာသဖြင့် ထထိုင်လိုက်ပြီး ဝတ်ရုံတွေကိုပြန်ဝတ်ကာ
"ကောင်းပြီလေ Minariသဘောပဲ ကျွနိုပ်ကတော့နန်းဆောင်ကိုပြန်မှရတော့မယ်"
Chaeyoungထွက်သွားမည်လုပ်တော့ အိပ်ယာပေါ်ကနေအိပ်ချင်မူးတူးထထိုင်ပြီး သူ့လက်ကိုဆွဲလာလေတော့သည်။
"ထပြီ ထပြီ"
အပြုံးရေးရေးလေးပြုံးလိုက်ကာ သူမအနားဝင်ထိုင်လိုက်ပြီး