နင်ပျော်ရင်...

17 1 0
                                    

'တော်ပြီလေ ထပ်မချစ်သင့်တော့ဘူး'
အဲ့လိုတွေးထားပြီးမှ ကောင်မလေးတစ်ယောက်ကြောင့် ကျနော့်ဆုံးဖြတ်ချက်တွေပျက်စီးခဲ့ဖူးတယ်

သူ့ကိုပဲနောက်ဆုံးလို့သဘောထားခဲ့ပေမယ့်
လူဆိုတာ ခန့်မှန်းရသိပ်ခက်တာဗျ
'ဒီနေ့ ကျနော်က သူ့အတွက်အရေးပါဆုံးသူဖြစ်ပေမယ့် မနက်ဖြန်ဆို အမှိုက်တစ်စဖြစ်ရင် ဖြစ်သွားတာမျိုး...'

အရင်ကသူပြောဖူးတယ် 'အချိန်ကြာရင်လည်း သူ့ကိုဂရုစိုက်ပေးပါ'တဲ့
ခုကျနော်ဂရုစိုက်လို့ပြောတာတွေက 'ချုပ်ခြယ်တာ'တဲ့လားဗျာ...

ကျနော်ဘာဆက်လုပ်ရမှာလဲ
ကျနော့်က သူ့ကို အချစ်ကလွဲပြီး ဘာမှမပေးနိုင်ဘူးလေ
ဆုံးရှုံးရမှာကြောက်တဲ့စိတ်တစ်ဝက်  ဆွဲမထားရက်တဲ့စိတ်ကတစ်ဝက် ကြာရင်ရူးတော့မယ်ဗျာ

ကျနော့်ဆီမှာ မွန်းကြပ်လို့ မနေချင်တော့ရင်လည်းရပါတယ်
သူပျော်မယ်ဆို ကျနော့်မျက်ရည်က ဘာမှမပြောပလောက်ပါဘူးဗျာ.......

'Cause I'm a nomal personWhere stories live. Discover now