{ANSWER} EP-6✿

843 64 3
                                    

🌷THE ANSWER TO SILENCE 🌷

EP-6

....................

Before~

"ထယ်လုံးမင်းအဆငိပြေရဲ့လား"

ဘေးချင်းကပ်အိမ်လေးနှစ်လုံးရှေ့ကအညိုရောင်သစ်သားထိုင်ခုံလေးတစ်ခုဟာ သူတို့နှစ်ယောက်အတွက်အမြဲဆုံဖြစ်ကြတဲ့နေရာလေးတစ်ခုပေါ့

အခုလည်းထိုနေရာလေးမှာဘဲထယ်လုံးနဲ့ဆော့ဖို့ အရုပ်လေးကိုင်ရင်း ကုကုလာစောင့်နေတယ် အချိန်နည်းနည်းကြာတော့သူ့ဘေးအိမ်ထဲကထယ်လုံးလေးဟာထွက်လာခဲ့၏ ဒါပေမဲ့ထယ်လုံးကအရင်လိုပြုံးမနေခဲ့ဘူး

"ထယ်လုံးနေကောင်းရဲ့လား ကုကု‌မေးတာဖြေအုန်းလေ"

အသက်10နှစ်သာရှိတဲ့ ကုကုဆိုတဲ့ချစ်စရာကောင်လေးဟာသူ့ထက်1နှစ်ကြီးတဲ့ထယ်လုံးဆိုတဲ့ကောင်လေးကိုအရမ်းခင်တွယ်ရှာတယ်

" ဘားမှမဖြစ်ပါဘူး ကုကုရဲ့ထယ်လုံးအဆင်ပြေပါတယ် "

"အွန်းပါ ဒါဆို‌ဆော့ရအောင်လေထယ်လုံး"

"ဟို....ထယ်လုံးဒီနေ့မဆော့တော့ဘူး"

"ဟမ်...ဘာလို့လညိး"

"ထယ်လုံး စာလုပ်ရအုန်းမယ်"

"ဒါဆိုအတူတူလုပ်ရအောင်လေ ထယ်လုံးအိမ်ကိုကုကုလိုက်ခဲ့မယ်"

"ဟင့်အင်း မလိုက်နဲ့....ထယ်လုံး....ထယ်လုံးသွားတော့မယ်"

"မပြန်နဲ့အုန်းလေ"

*ကုကုနဲ့နောက်ကြ ထယ်လုံးအတူတူဆော့ပါ့မယ်ထယ်လုံးပြန်ရတော့မယ်"

ထယ်လုံးက ဘာကိုကြောက်နေလည်းမသိပါချက်ချင်းထပြီး အိမ်ထဲကို၀င်ပြေးသွား တော့သည် ဒီနေ့လည်းထိုထိုင်ခုန်လေးမှာသူတစ်‌ယောကိထဲအထီးကျန်လျှက်ရှိနေခဲ့သည်

~~

" ထယ်ယောင်း! နင်ငါ့အကျီယူကိုင်တယ်ပေါ့ကြည့်စမ်း ပေကျံနေတာဘဲ

"ဟင့်အင်း ထယ်လုံးလုပ်တာမဟုတ်ပါဘူး
အဲ့တာကိုကိုလေးလုပ်တာပါ"

"နင်ကများငါ့သားကိုစွပ်ဆွဲသေးရဲတယ်ဟုတ်လား လာခဲ့ နင့်ကိုဒီအတိုင်းမထားဘူး

✿THE ANSWER TO SILENCE ✿Where stories live. Discover now