{ANSWER} EP-9✿

837 58 1
                                    

✿ THE ANSWER TO SILENCE ✿

EP-9🌷

......................

ပြတင်းဘက်က အေးစိမ့်တဲ့လေညှင်းဒဏ်ကြောင့် လိုက်ကာ‌တွေကိုဆွဲပိတ်ဖို့ထလာရင်း
အပြင်ကမိုးစက်တွေကျနေတဲ့ လမ်းမကြီးကိုငေးကြည့်မိသွားသည် "မိုးတွေတောင်စရွာနေပြီဘဲသဘောအကြဆုံးဆောင်းရာသီလေးကိုတော့ထပ်စောင့်ရတော့မယ်"⛈️

အပြင်မှာအရမ်းအေးတာမလို့ ပြတင်းပေါက်ကိုဆွဲပိတ်လိုက်ပြီး ကုတင်နားပြန်လျှောက်လာတော့ နေရာလွှတ်နေတဲ့ဂျွန့်နေရာလေး~မနက်အစောကြီးဂျွန်ကဘယ်သွားနေခဲ့တာလည်းညကလည်းအရမ်းမူးနေတာကို....

ထယ်ယောင်းဟာ အပေါ်၀တ်ရုံလေးကိုခြုံလိုက်ပြီး သူဆင်းလာ‌‌တော့ မီးဖိုချောင်ထဲမှာမမဂျွန်ယွန်းဟင်းချက်‌နေတဲ့အသံကိုကြားလိုက်ရသည်

ဧည့်ခန်းဘက်ဂျွန့်ရှိမလားလို့ရှာကြည့်တော့လည်းရှိမနေပြန်~ဆိုဖာပေါ်ကမမဂျွန်ယွန်းအိတ်ထုတ်တွေတွေ့တော့ မီးဖိုချောင်ထဲထယ် ယောင်း၀င်လာလိုက်၏

"ထယ်လေးနိုးလာပြီဘဲ ပြော ဘာစားချင်လည်း
မမ ပေါင်မုန့်တော့မီးကင်ထားတယ်"

ထယ်ယောင်းက အနားသွားပြီးဆိုဖာနားကအိတ်တွေကိုလက်ညှိုးလှန်းထိုးပြတော့ ဂျွန်ယွန်းကကသဘောပေါက်ပြီး ထယ်‌ယောင်းဆံပင်တွေကိုလက်ဖြင့်ဆွဲဖွသည်။

"မမပြန်တော့မလို့...အဂ်လန်ကိုတော့မဟုတ်သေးဘူး ဖေ့ဖေ့အိမ်မှာပြန်သွားနေမလို့ ဖေဖေကအခုရက်ပိုင်းကျမ်းမာရေးသိပ်မကောင်းတာနဲ့မမလည်းစိတ်ပူလို့ပါ"

မမရှင်းပြတာကို နားလည်သွားတဲ့ထယ်ယောင်းကမျက်နှာလေးမှိုင်သွားပေမဲ့အလိုက်အထိုက်လေးခေါင်းလေးငြိမ့်ပြရှာ၏

ဂျွန်မျက်နှာလေးမနက်ပိုင်းမှာမမြငိရတော့စိတ်ထဲတမျိုးရယ် အခုသူခင်တွယ်ရတဲ့မမကလည်းသွားတော့မှာဆိုတော့သူ့မှာအားကိုးစရာဆိုတာဘယ်သူမှကိုမရှ်တော့

~~

မိုးလေးစဲတော့ ကောင်းကင်ယံဟာပြာ၀င်းလာသည် လမ်းမပေါ်တွင်လူအများလမ်းလျှောက်ဖို့ထွက်လာကြပြီး ထယ်လည်းဒီနေ့စိတ်သက်သာအောင် ဓာတ်ပုံရိုက်ဖို့စိတ်ကူးမိ၏

✿THE ANSWER TO SILENCE ✿Where stories live. Discover now