အပိုင်း ( ၁ )

1.2K 155 18
                                    

၂၀၁၈ ခုနှစ်
မေလ ၂၃ ရက်

***

တိတ်ဆိတ်သောဧည့်ခန်းထဲရှိ ကျွန်းကုလားထိုင်အရှည်ကြီး၏ တစ်ဖက်အစွန်ဆီတွင် လူနှစ်ယောက်သည် မျက်နှာချင်းဆိုင်ကာဖြင့်ထိုင်နေခဲ့ကြသည် ။ တစ်ဦးသည် ရင့်ကျက်သောပုံရှိကာ လက်ပိုက်ထားဟန်နှင့်ရှိနေပြီး ကျန်တစ်ဦးမှာတော့ ခပ်ဝဲဝဲဆံနွယ်အနီများသာ နှစ်ခါမျှသပ်လိုက်ကာ လက်ထဲရှိစီးကရက်လိပ်အား ဖွာလိုက်ပါ၏ ။

"ကိုကိုကို့ ... ကျွန်တော်ပြောမယ် ၊ ကျွန်တော့်ကို လာမထိန်းချုပ်ပါနဲ့ ၊ ကိုကို့ရဲ့လက်ရှိနေရာက များမကြာမီ ... ကျွန်တော့်ရဲ့နေရာဖြစ်လာစေရမယ် ။"

ပျော့ပျောင်းလျက်ရှိသော ခပ်နီနီဆိုးဆေးတင်ထားသည့် ဆံနွယ်များသည် စကားပြောရာတွင် ဝဲပါနေခဲ့သည် ။ ထိုလူမှာတခြားသူမဟုတ် ရှင်းမ်အိမ်တော်၏တစ်ဦးတည်းသောသားဖြစ်သူ ရှင်းမ်ဂျယ်ယွန်းပင်ဖြစ်၏ ။

"မင်းသိလား ... ဂျယ်ယွန်း ၊ မင်း ... ကိုယ့်နေရာကို ရောက်ဖို့ဆို သည်လိုအချိုးမျိုးတွေနဲ့တစ်သက်လုံးမရဘူး ။"

"စိန်ကြည့်မလား ... ကိုကို ။"

"စိန်ကြည့်လိုက်လေ ဂျယ်ယွန်း ။"

တစ်ခွန်းမကျန်ပြန်ပက်ကာပြောလာသော တစ်ဖက်လူကြောင့် ဂျယ်ယွန်းဒေါသထွက်လာကာ တောက်တစ်ချက်ခေါက်ကာဖြင့်ပင် ထိုဧည့်ခန်းအတွင်းမှထွက်လာခဲ့တော့၏ ။

ဂျယ်ယွန်း၏ ဂျစ်ကန်ကန်ပုံစံလေးအား ကြည့်ကာပြုံးနေခဲ့သူမှာတော့ တစ်ဖက်မှလူ ၊ တစ်နည်းအားဖြင့် ဂျယ်ယွန်းအား ငယ်စဉ်ဘဝကတည်းက ထိန်းကျောင်းလာခဲ့သူ အီဟီဆွန်းပင်ဖြစ်သည် ။

"နိုင်ငံရပ်ခြားကနေပြန်လာလည်း ခင်ဗျားလေးက အရင်အတိုင်းလေးပါပဲလား ။"

ခပ်ပြုံးပြုံးနှင့်ပင် ကျွန်းစားပွဲထက်ရှိ ကော်ဖီခွက်အားကိုင်ကာ အနုပညာဆန်စွာပင် ဟီဆွန်းတစ်ယောက်သောက်နေခဲ့ပါ၏ ။

: ချစ်သောပန်းနီနီ ဇာတ်သိမ်းလေးလည်း လှစေချင်သည် :

ချစ်သောပန်းနီနီ ဇာတ်သိမ်းလေးလည်း လှစေချင်သည် | HeeJake Where stories live. Discover now