အပိုင်း ( ၁၄ )

984 118 24
                                    

2018 ခုနှစ်
မေလ ၂၇ ရက်နေ့

***

ဟီဆွန်း၏ လျင်မြန်စွာ ကားမောင်းနှင်လာမှုနှင့်အတူ ဂျယ်ယွန်းသည်လည်း ရင်ထဲတွင်ဗလောင်ဆူနေခဲ့ပါ၏ ။ သိပ်မကြာခင်မှာပင် ဂျယ်ယွန်းတို့၏အိမ်ရှေ့သို့ ဟီဆွန်း၏ကားလေးမှာ ဆိုက်ရောက်လာခဲ့သည် ။

ဂျယ်ယွန်းတစ်ယောက် နှာခေါင်းထိပ်လေးများရဲနေကာ လက်နှစ်ဖက်အားလည်း အပြန်ပြန်အလှန်ချေနေကာဖြင့် အင်မတန်စိတ်လှုပ်ရှားနေသည့်ပုံဖြစ်နေသည်အား ဟီဆွန်းတွေ့လိုက်ရပါ၏ ။

ထိုတဒင်္ဂတွင် ဟီဆွန်းတွေးလိုက်မိသည်ကား "မာန်ဖီချင်နေတဲ့ ခြင်္သေ့ပေါက်စလေးက မာန်ဖီပြီးနေတဲ့ ကိုယ့်လိုခြင်္သေ့ကြီးကို နိုင်မတဲ့လား" တဲ့လေ ။

"ဂျယ်ယွန်း ... ဆင်းမယ်လေ ။"

ဟီဆွန်း၏ ရုက်တရက်ခေါ်ဆိုလိုက်မှုကြောင့် ဂျယ်ယွန်း၏ခန္ဓာကိုယ်လေးမှာ တုန်တက်သွားကာဖြင့် အသက်အားအရင်ဝအောင် ရှူလိုက်သည် ။ ထို့နောက်မှာတော့ ဂျယ်ယွန်းသည်လည်း ကားပေါ်မှဆင်းကာ နှစ်ခါမျှခုန်လိုက်ပြီးနောက် လက်ကလေးတစ်ဖက်အားလည်း မြှောက်လိုက်ကာ လက်သီးဆုပ်ထားလိုက်သေး၏ ။

"ကိုကို ... ဝင်နှင့် ၊ ကျွန်တော် နောက်ကလိုက်ခဲ့မယ် ။"

ဟီဆွန်းအား မျက်နှာချင်းမဆိုင်ဘဲ ဟိုကြည့် ၊ သည်ကြည့် လုပ်နေသောဂျယ်ယွန်းမှာ ကြောက်နေမှန်း ဟီဆွန်းသိသည် ။ ထို့ကြောင့် ဂျယ်ယွန်း၏ ပခုံးလေးအားဆွဲဖက်လိုက်ကာ သူ့ဘက်သို့ မျက်နှာအားလှည့်စေလိုက်ပါ၏ ။

"ကိုယ့်မျက်လုံးကိုကြည့် ၊ ကိုယ့်ကိုပဲယုံ ၊ အကုန်အဆင်ပြေမှာ ။"

ဟီဆွန်း၏မျက်ဝန်းတောက်တောက်ကလေးများအား ဂျယ်ယွန်းကြည့်ကာ အနည်းငယ်မျှတော့ ရှက်သွားရသည် ။

"ကောင်းပြီလေ ၊ ကိုကို ပြောတာနော် ။"

ဟီဆွန်းလည်း မျက်စိတစ်ဖက်ပင်မှိတ်ပြလျက် ဂျယ်ယွန်းအား ပခုံးလေးဖက်ပြီး အိမ်ထဲသို့ ဝင်လိုက်တော့သည် ။

ချစ်သောပန်းနီနီ ဇာတ်သိမ်းလေးလည်း လှစေချင်သည် | HeeJake Where stories live. Discover now