သူ့နေရာနဲ့နေရာတကျဖြစ်လာတာလား
လွဲမှားနေတဲ့ခံယူချက်တွေက အမှန်ပြန်ဖြစ်လာတာလား
ရင်ခုန်သံအစစ်အမှန်တွေပြန်လည်ရောက်ရှိလာတာလား
#
"ဆော့ငယ်လေး အခုဘာတွေလုပ်နေလဲ ကိုကိုဖြင့်လွမ်းနေရတာ"
"ဟွန့်…အဆက်အသွယ်မလုပ်ဘဲ နှစ်ချီပျောက်သွားတာ ဘယ်သူလဲ"
"ဟော ဒါက စိတ်ဆိုးနေတဲ့ရုပ်လေးပေါ့"
"မစနဲ့ကွာ ပြောပါအုံး ဘယ်ပျောက်သွားတာလဲ"
"ကိုကို ဂျပန်ကို အလုပ်ကိစ္စနဲ့သွားတာ ဟိုရောက်တော့ ဖေ့ဖေ့ရဲ့မပြီးနိုင်တဲ့ အလုပ်တွေကြောင့် တစ်နှစ်ကျော်လောက်ကြာသွားတာ"
"ဒါဖြင့် အဆက်အသွယ်တော့လုပ်သင့်တယ်မလား"
"ဟုတ်ပါတယ် ကျနော်မျိုးကြီးမှားပါတယ်
ဟော်ဒီက မင်ယွန်းဂီက သခင်လေးစိတ်တိုင်းကျ လုပ်ဆောင်ပေးပါ့မယ်ဗျ""ဆော့ကီက ကလေး မဟုတ်တော့ဘူးနော်"
"ကိုကို့ အတွက်တော့ အမြဲတမ်းကလေးလေးဘဲ"
"ကျတော်လက်ထပ်ပြီးပြီ"
"အင်း ကိုယ်ကြားတယ်"
ပြက်လုံးလေးတွေစွတ်ကာ စနောက်နေတဲ့သူတို့စကားဝိုင်းမှာ လက်ထပ်ပြီးပြီဟူသော စကားကြောင့် ငြိမ်ကျသွားတဲ့ ကောင်လေးကို ဆူဆူပုပ်ပုပ်ကောင်လေးက မမြင်ခဲ့ပါ
"ကျတော့လက်ထပ်ပွဲမှာ ကိုကို့ ကို ရှိစေချင်ခဲ့တာ"
"ကိုယ်တကယ်မအားခဲ့လို့ပါ"
ကိုယ်ကတက်ရောက်အားပေးသူအနေနဲ့ အရံမှမဖြစ်ချင်ခဲ့တာ
ကိုယ့်ရဲ့ ခံစားချက်တွေကိုလည်းမမြင်ခဲ့ပါလား ဆော့ငယ်"အဲ့ဒါဆိုအခုကကောဘာလဲ အလည်လာတာလား"
"အင်း ခဏပြန်လာတာ အလုပ်တွေပြီးရင်ပြန်သွားမှာ
ဟိုမှာဘဲအခြေချတော့မှာ"
YOU ARE READING
Vope Oneshot 💜
Randomမပြည့်စုံသော ဖန်တီးမှုများနှင့် မြတ်နိုးရသော အသင်လူသားနှစ်ဦး၏ လှပသော ပုံရိပ်ငယ်များ 🐻♡🐿️ @Vope♡K