In the rainy day (In another life)

523 51 5
                                    

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားမှာ အချိန်အများကြီး ရှည်ကြာနေတာတောင် ပြန်လည်တွေ့ဆုံခိုက် နှလုံးသားလေးပြန်လည်နိုးထလာတာမျို့း

# # #

ဒီနေ့စာတိုက်မှာ စာမူသွားတင်ပြီးအပြန် အနည်းငယ်အုံ့မှိုင်းစပြုလာတဲ့မိုးကြောင့် ခြေလှမ်းတွေခပ်သွက်သွက်လျှောက်နေတုန်း မိုးစက်လေးတွေ
တစ်ပေါက်စနှစ်ပေါက်စ ကျလာပြီဖြစ်တာကြောင့် အနီးနားက cafe'ဆိုင်လေးထဲ ခြေလျှင်သုတ်ဝင်လိုက်တယ်

ဆိုင်အတွင်းထဲဝင်လိုက်တော့ လွင့်ပြယ်လာတဲ့ သီချင်းသံတစ်စိုးတစ်စက အပြင်မှာကျနေတဲ့ မိုးသားလေးတွေနဲ့လိုက်ဖက်နေသယောင်
စာရေးစရာ ဖြစ်တဲ့အလျှောက် တွေ့ကြုံခဲ့ရတဲ့အမှတ်တရတစ်ခုစီတိုင်းကို သေးငယ်တဲ့အိတ်‌ေဆာင်စာအုပ်အသေးလေးထဲ အဓိကအကြောင်းအရာလေးတွေမှတ်ဖို့ ပြင်လိုက်တယ်
အကိုဘာသုံးဆောင်မလဲခမျဆိုတဲ့ အသံလေးနောက် တစ်ချက်လှည့်ကြည့်လိုက်တော့ ကောင်လေးရဲ့ အပြုံးလေးတွေမြတ်နိုးစရာအတိမို့ ဆိုလိုရင်းကိုမေ့သွားသလို

"အာ ... ဟုတ်ကဲ့ Latte coffee တစ်ခွက်ပေးပါဗျ
ဒါပါဘဲ"

"ဟုတ်ကဲ့ ခဏစောင့်ပါနော်"

ဆယ်နာရီကျော်လောက်ဘဲရှိသေးတာမို့ လုပ်ငန်းကိုယ်စီနဲ့ အလုပ်ခွင်ဝင်နေကြတဲ့အချိန် ကိုယ်ကသာ အိမ်ထဲမှာ အမြဲနေပြီးစာတေရေးနေတာ တစ်ခါတစ်လေ ပတ်ဝန်းကျင်နဲ့တောင် အဆက်ပြတ်နေတယ် အိမ်ပြင်ထွက်ရမှာကို ပျင်းလာသလို
မိုးကတဖြည်းဖြည်း ပိုသည်းလာတာမို့ မှန်ပြတင်းပေါက်ကနေ အထင်းသားမြင်နေရတဲ့အပြင်လောကမှာ လူသွားလူလာတောင်ရှင်းနေလို့
ဆိုင်ထဲမှာလဲ ကိုယ့်ဝိုင်းရယ် ထောင့်ဆုံးနားလေးကဝိုင်းရယ် ပြီးတော့ coffee bar လေးမှာထိုင်နေတဲ့တစ်ယောက်ရယ်ဘဲရှိတယ်

ကော်ဖီခွက်လေးလာချတော့ အနံ့သင်းသင်းလေးနဲ့
Espresso နဲ့ milk ရောထားတာမို့ အနံ့သင်းသင်းလေးနဲ့ဆွဲဆောင်မှုရှိတယ်
ဘာရယ်မဟုတ် စပ်စုတက်တာမဟုတ်ဘဲနဲ့ ခဏတာတွေ့လိုက်ရတဲ့ အပြုံးလေးက လက်ထဲကကိုင်ထားတဲ့
Café Latte အနံ့လေးထက် ပိုနွေးထွေးသလိုခံစားရတာမို့ ‌ကြည့်မိလိုက်တဲ့အချိန် ခုနက
coffee bar လေးမှာ ထိုင်နေတဲ့ တစ်ယောက်နဲ့ ရယ်မောနေလိုက်တာ ပါးချိုင့်သေးသေးလေးတေတောင် ပေါ်လို့
ဘာမဟုတ်တာလေးက ဘယ်ဘက်ရင်အုံကို လက်တင်ရလောက်အောင် တုန်လှုပ်သွားတာမျိုး ကိုယ်မင်းကိုစွဲလမ်းမိသွားရင်ဘယ်လိုလုပ်မလဲ စာရေးသူပီပီ အတွေးတွေကစ ဝတ္ထုဆန်ဒါမျိုး ရိုးရှင်းလွန်းတဲ့
မင်းလေးအနားကို ဒီမိုးလေးရယ် ဒီကော်ဖီဆိုင်လေးရယ် ကိုယ့်နှလုံးသားလေးရယ်တဲ့ ချဉ်းကပ်မယ်လို့ဆုံးဖြတ်လိုက်တယ်
စာအုပ်လေးပေါ်မှာ "ကိုယ်တို့ထပ်ဆုံတွေ့တယ်"
လို့ရေးမိတော့ ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိတယ်
အခုမှတွေ့ဖူးတာကို ထပ်ဆုံတွေ့တယ်တဲ့လား သေချာတာ ကိုယ်တို့ရေစက်ပါလာလို့နေမှာ
နောက်နေ့စပြီး ဇာတ်လမ်းဇာတ်ကွက်တွေ ပိုပြီး အကွက်ကျယ်ကျယ်မြင်ရအောင် ဒီဆိုင်လေးကိုနေ့တိုင်းလာမှဖြစ်တော့မယ်

Vope Oneshot 💜Onde histórias criam vida. Descubra agora