အပိုင်း(၁)

1.5K 130 73
                                    

2016ခုနှစ်
Amsterdam

"Hey ငါဒီမှာ လီဆာ"

လက်ပြခေါ်နေသော လာကြိုသည့်သူငယ်ချင်းအနား လီဆာခြေလှမ်းတို့ဦးတည်လိုက်သည်။ ဖခင်သည်ထိုင်းလူမျိုးဖြစ်ပြီး မိခင်သည်ကိုရီးယားလူမျိူးဖြစ်သောကြောင့် တစ်ဦးတည်းသောသမီးဖြစ်သည့် လီဆာသည်ဘာသာစကားနှစ်မျိုးစလုံးကိုကျွမ်းကျင်စွာပြောနိုင်သည်။ အသက်၁၀နှစ်အရွယ်ထိ ကိုရီးယားတွင်နေခဲ့ပြီး ဖခင်လုပ်ငန်းကြောင့်ထိုင်းသို့ပြောင်းရွေ့ခဲ့ရသည်။ ယခုတစ်ဖန် ကိုရီးယားတွင်အခြေချတော့မည်ဖြစ်သောကြောင့် ပြန်လည်ပြောင်းရွေ့ခဲ့ပြီး မိဘများအရင်ပြန်နှင့်ခဲ့သည်။ ဖေဖေ၏ကုမ္ပဏီကို လီဆာကပင်ဆက်ခံရမည်ဖြစ်သောကြောင့် လုပ်ငန်းခွင်မ၀င်ခင် Amsterdam သို့လည်ပတ်ချင်သည့်စိတ်ကူးကို ဦးစွာအကောင်ထည်ဖော်ခဲ့သည်။

"လာကြိုပေးလို့ ကျေးဇူးပဲ Julia"

"မလိုပါဘူးဟာ သူငယ်ချင်းတွေပဲ။ နင်လာလည်မယ်ဆိုလို့ ငါဘယ်လောက်၀မ်းသာရလည်းသိရဲ့လား"

"အင်းပါ သိတာပေါ့"

Julia သည်လီဆာနှင့်LAတွင်တက္ကသိုလ်အတူတက်ခဲ့သော သူငယ်ချင်းလည်းဖြစ်ပြီး Amsterdam တွင်နေသောတစ်ဦးတည်းသော သူငယ်ချင်းလည်းဖြစ်သည်။

"ပျော်တဲ့ထိနေနော် လီဆာ။ အိမ်မှာကငါတစ်ယောက်တည်း။ အဖေနဲ့အမေကသူတို့မွေးရပ်မြေခဏပြန်သွားတယ်"

လီဆာနေမည့်အခန်းထဲသို့လိုက်ပို့ပေးပြီး ခရီးဆောင်အိတ်ကူသယ်ပေးရင်း Julia ပြောသည်။

"အင်းပါ။တစ်ပတ်လောက်တော့နေဖြစ်မယ်ထင်တယ်"

"နင့်သဘော။ ငါကကြာလေကောင်းလေပဲ"

ဖြစ်နိုင်လျှင် Julia ဟာ လီဆာကို Amsterdam တွင်သာအခြေချနေစေချင်သူဖြစ်သည်။လီဆာလည်းနေချင်သော်လည်း တစ်ဦးတည်းသောသမီးဖြစ်သောကြောင့် မိဘများမှီခိုအားထားရာသည် လီဆာတစ်ယောက်တည်းသာရှိသည်။

"Amsterdam ကလှလိုက်တာ"

"အင်း လှတာပေါ့"

လီဆာ ၀ရံတာရှေ့ထွက်ကာမြို့ရဲ့အလှကိုခံစားနေသည်။ သေးငယ်သောမြို့လေးဖြစ်သော်လည်း အရာအားလုံးကသူ့နေရာနှင့်သူ လှလှပပ။

SéWhere stories live. Discover now