ချစ်ခွင့်ပန်ပြီး တစ်ညနေတည်းမှာပင် ပင်လယ်ပြာလေးကစိတ်ကောက်ရှာသည်။ ညစာထမင်းဝိုင်းတွင် ဆူယောင်းထည့်ပေးသောအသားကိုစားမိသော လီဆာခဗျာထမင်းတောင်ဆက်မစားတော့ဘဲ လိုက်ချော့ရသည်။ ပင်လယ်ပြာလေးကတော့ ပန်းခင်းနားကခုံတွင်မထိုင်ဘဲမတ်တပ်ရပ် လက်ပိုက်နေသည်။
"စိတ်မကောက်ပါနဲ့ Séရယ်"
"မကောက်ပါဘူး။ လီဆာနဲ့ရောဒီကသိလို့လား"
"အချစ်ရယ်"
လီဆာခဗျာ ရယ်ရမလိုငိုရမလို။ စိတ်မကောက်တဲ့ပန်းကလေးက နှုတ်ခမ်းလေးဆူ၊လက်ကလေးပိုက်လို့ လီဆာကိုကျောခိုင်းထားသည်။
"နောက်မစားတော့ပါဘူး အချစ်ရယ်။ စိတ်ကောက်ပြေနော်"
"စိတ်မကောက်ပါဘူးဆို"
"ဟုတ်ပါပြီ ဟုတ်ပြီ ဟုတ်ပြီ ကိုယ့်အချစ်ကစိတ်မကောက်ဘူး"
"ဖယ် ဖယ်..သူများသမီးကိုဘာလို့လာနမ်းနေတာလဲ။ ပိုင်စိုးပိုင်နက်နဲ့"
ပြောပြောဆိုဆိုနဲ့ လီဆာ နှုတ်ခမ်းလေးကိုနမ်းလိုက်တော့ အတင်းရှုန်းကန်သည်။ လီဆာလည်းအတင်းအကြပ်ပြန်ဖက်ထားတော့မှ ရင်ခွင်ထဲတွင်ငြိမ်ကျသွားသည်။
"ချစ်တယ် အသက်ကလေးရဲ့။ နှလုံးသားလေးကစိတ်ကောက်နေတော့ ရင်ထဲနေလို့မကောင်းတော့ဘူး သိရဲ့လား"
"သွားပါ အပိုတွေ။ စကားတတ်တိုင်းပြောနေတာ"
"ချစ်တာကို။ Séကပြန်မချစ်ဘူးလား"
"Sé လည်းချစ်တယ် ဟိုးငယ်ငယ်ကတည်းက လိုက်လိုက်နမ်းတဲ့ကလေးမလေးကို"
"Sé မှတ်မိတယ် ဟုတ်လား"
ငယ်ဘ၀ကို Sé မှတ်မိနေသေးသောကြောင့် လီဆာတအံ့တဩမေးမိသည်။ လီဆာကတော့ခပ်ရေးရေးသာမှတ်မိတော့သည်။ ၁၀နှစ်သမီးတွင် အမြင့်ပေါ်မှပြုတ်ကျဖူးပြီးနောက်ပိုင်း ငယ်ဘ၀ကိုဘာမှရေရေရာရာမမှတ်မိတော့။
"မှတ်မိတာပေါ့။ Séပြန်မနမ်းမချင်းငိုတာလေ အသံအကျယ်ကြီးနဲ့။ ဘယ်သူမှချော့လို့လည်းမရဘူး"
"လီဆာပေါက်စလေးက လက်သွက်လိုက်တာနော်။ အခုလည်းလက်သွက်မှရတော့မယ်"
YOU ARE READING
Sé
Fanfictionပင်လယ်လေး.. ခြေတစ်လှမ်းစီ အနားကိုနီးကပ်လာတိုင်း ကမ်းစပ်မှာရိုက်ခတ်နေတဲ့အနားသတ်လှိုင်းတွေလို လီဆာနှလုံးသားတစ်ခုလုံးကို လှုပ်ခတ်နိုင်တဲ့ ပင်လယ်လေး..