အပိုင်း(၅)

688 94 27
                                    

"အဲ့တာဘာလုပ်နေကြတာလဲ။ ပတ်ချယ်ယောင်း!
ပတ်ဆူယောင်း!"

ဧည့်ခန်းကြမ်းပြင်ပေါ်တွင်ဖျာခင်းပြီး ဖဲရိုက်နေသော
သုံယောက်ကြောင့် ဂျူဟျွန်းသွေးဆောင့်တက်သွားသည်။ အမေရဲ့ညီမဖြစ်သည့်ဒေါ်လေးဂျီအာအကူညီတောင်းလို့သာ ဂျူဟျွန်းလာခဲ့ရခြင်းဖြစ်သည်။
ကိုယ့်စိတ်နဲ့သာဆို ဒီမျောက်နှစ်ကောင်ကိုထိန်းမဲ့အစား ကျားအမြီးသာပြေးဆွဲလိုက်တော့မည်။
လီဆာဆိုသည့်ကောင်မလေးကတော့ ဟိုနှစ်ယောက်ကြောင့်သာ ကစားပွဲတွင်ပါနေရခြင်းသာဖြစ်မည်။

"Unnie"

"နင်တို့နှစ်ကောင် ငါနဲ့တွေ့ပြီ"

ဂျူဟျွန်းကလက်ကိုင်အိတ်ကို ဆိုဖာပေါ်သို့ပစ်ချလိုက်ပြီး နီးရာခေါင်းအုံးနှင့်ပစ်ပေါက်တော့ ရအောင်ရှောင်ကြသည်။

"စိတ်လျော့ပါ မမလှလှရဲ့။ ယောင်းတို့ကပျင်းလို့ဆော့တာပါ"

ရှောင်ပြေးရင်း အလိမ္မာနည်းဖြင့် ဂျူဟျွန်းအနားကပ်လာပြီးချွဲနေသော ချယ်ယောင်းကိုဘယ်သူမှထိန်းလို့မနိုင်။ အငယ်ဆုံးမြေးဖြစ်သောကြောင့် နှစ်ဖက်မိဘမှဆွေမျိုးတွေကတုန်နေအောင်ချစ်ကြသည်။ ဂျူဟျွန်းလည်း ချစ်ပါသည်။ ရန်ဖြစ်၍ပြသာနာတဲ့အခါတိုင်း ဒေါ်လေးမသိအောင် ရဲစခန်းတွင်အာမခံနဲ့သွားထုတ်ခဲ့ရသည်က အကြိမ်ကြိမ်။ တစ်ပတ်တစ်ခါလောက်တော့ပုံမှန်ရောက်၍ ဂျူဟျွန်းခဗျာစခန်းကရဲမေလေးဆူးလ်ဂီနှင့် ချစ်ကြိုးသွယ်မိသည်အထိဖြစ်သည်။

"ဧည့်သည်ရှိတာကို ကလေးတို့ရယ်။ ဒေါ်လေးသွားတာ နာရီပိုင်းပဲရှိသေးတယ် အခုဖြစ်ချင်ရာဖြစ်နေပြီ"

"Unnie ကလည်း ဆူနေပြန်ပါပြီ။ ရည်းစားဆီမသွားဘဲ ဒီလိုဘာလာလုပ်တာလဲ"

"ရည်းစားဆီသွားချင်တာများ ဆယ်ပိုင်းလောက်ကိုသေလို့။ ဒေါ်လေးလွှတ်လိုက်လို့သာလာတာ။ ထင်တဲ့အတိုင်းပဲ ဧည့်သည်ကိုဖဲရိုက်ခိုင်းရသလားဟဲ့"

"ဟို... မဟုတ်ပါဘူး လီလည်းဆော့ချင်လို့ပါ"

လီဆာကူပြောပေးမှသာ ဆူယောင်းတို့ကိုရိုက်တော့မည့် ဂျူဟျွန်းရဲ့လက်‌တွေလေထဲ၌ ရပ်တန့်သွားသည်။

SéWhere stories live. Discover now