= uni code version ====================
" မိဖုယားမှ မင်းကြီးအား အရိုအသေပေးတော်မူမယ် "
လက်နှစ်ခုကို ဆန့်လိုက်ပီး လက်ဖျားနှစ်ခုကို ထိကာ ခါးညွန့်၍ အရိုအသေပေးလိုက်သည်။
" မင်းကြီးမှ မိဖုယားအား အရိုအသေပေးတော်မူမယ် "
စောနက အတိုင်းပဲ ပြန်ပီး အရိုသေပေးသည်။
ထို့နောက် မိန့်ကြားသူက မိန့်ကြားစရာရှိတာ မိန့်ကြားပီး
" မင်းကြီးနှင့် မိဖုယားသည် ယနေ့မှစ၍ အကြင်နာ
လင်မယား ဖြစ်သွားပါပီ "လက်ခုပ်ဩဘာတို့ဖြင့် အမတ်မင်းတို့မှ
" သက်တော်ရာကျော်ရှည်ပါစေ ဘုရင်နှင့်မိဖုယား !"
'ဒီလိုစကားမျိုးကြားရတာ အခုနဲ့ဆို 103 ခေါက်ရှိပီပဲ'
{ ('_') ဆိုရင် စိတ်ထဲကပြောတဲ့နေရာမှာသုံးပီး
("_") ဆိုရင် အပြင်မှာပြောတဲ့နေရာမှာသုံးပါသည်။ }♡︎♡︎♡︎
" သုံးဆောင်ပါ မိဖုယား "
' အော်မေ့လို ဒီညက မဂလာဦး ညပဲ ဟက်ခ် '
" ကျွန်မ ငဲ့ပေးပါရစေ "
အရက်ခွက်ထဲကို အရက်ငဲ့လိုက်ပီး
" ဒီလိုလသာတဲ့ညမှာ မင်းနဲ့ ပထမဆုံးညကို ကျော်ဖြတ်ရမှာ စိတ်လှုပ်ရှားမိပါတယ် "
ရှက်သွေးဖြာနေတဲ့ မျက်နှာဘေးမျိုးလုပ်ကာ
" အို...ဘာတွေပြောနေတာလဲ "
ဆိုပီး ထကာ ပြတင်းပေါက်နား မတ်တပ်ရပ်လိုက်သည်။
' လပြည့်ည ?? ဒီဘုရင် ကံဆိုးတာပဲ '
" Floral ရယ် မရှက်ပါနဲ့ "
မျက်နှာအား အောက်ငုံ့ကာ ရှက်နေသလိုလုပ်နေသည်။
' ရှက်နေတာမဟုတ်ဘူး မာယာသုံးနေတာ တုံးလိုက်တဲ့ ဘုရင် '
" ကိုယ်လိုချင်တာကို ဖြည့်စည်း ပေးမယ်မလား "
အသာအယာ ခေါင်းညိမ့်ပြလိုက်တော့
ပြတင်းပေါက်တံခါးအား ပိတ်လိုက်ကာ ဘုရင်အား အိပ်ယာပေါ်သို့ တွန်းလိုက်သည်။