Episode (1) [Uni/Zaw]

1K 74 12
                                    

Zawgyi../

"ပတ်ဂျီမင် !!ပတ်ဂျီမင်!!"


မနက်မိုးလင်းပီဆိုတိုင်းကြားရတဲ့အဖေဆိုတဲ့လူရဲ့ဒေါနဲ့မောနဲ့အသံ

" ဟုတ် လာပါပီအဖေ !!"

"မင်းဘယ်သူ့အားကိုး ငါ့ကို စောက်ရေးမလုပ်တာလဲဟမ်! ငါခေါ်ရင်ချက်ချင်းလာရမာကိုမင်းစောက်ဦးနှောက်ကမမှတ်ထားဘူးလားဟမ်!! သတ္တိတွေတယ်ကောင်းနေတာပေါ့ ဟက်လား!!! "

"မဟုတ်ရပါဘူး.....သား စာလုပ်နေလို့ပါအဖေရယ်..."

"‌လာပြန်ပီ ဒီစာ စောက်ရေးမပါတာတွေကို ရေးတတ်ဖတ်တတ်ရုံဆိုသင့်‌‌ေနပီ မင်းကိုကျောင်းဆက်မထားတော့ဘူး စောက်ဆံကုန်တယ် ၄တန်းအထိရောက်နေတာကို စောက်လုပ်လုပ်ဖော်မရဘူး ဒီနေ့ကစပြီးငါ့အရက်ဖိုးရှာရမယ်မင်း !!!!!"

"ဗျာ မလုပ်ပါနဲ့ ‌အဖေရယ် အီးဟီး သားတောင်းပန်ပါတယ် !ကျောင်းလေးတော့ဆက်တက်ပါရစေ နော် ဟင့် !! အဖေရယ်"

ဂျီမင်းဆိုတဲ့ကောင်လေးငိုယိုကာတောင်းပန်မိသည်...သို့ပေမဲ့...အဖေပြောတဲ့စကားများက

" တောက်ခ်!!! တုတ်တောင်မတင်ရသေးဘူး ‌ောက် ရည်ကကျလာပြီ မိုးလင်းပီဆို ‌‌မျာက်ရည်မျက်ခွက်နဲ့ကျက်သရေကိုမရှိဘူး သွားစမ်း အရက်သွား၀ယ် ဒီနေ့ကစပီးကျောင်းထွက် မဟုတ်ရင် ခါးပါတ်စာမိမယ်!!!".... သာဖစ်သည်

ဟုတ်ပါတယ်............ဒီလိုနေ့တွေဟာဂျီမင်းဆိုတဲ့ကောင်လေးဖြတ်သန်းလာရတာ...ပုံမှန်ပါပဲ၊ အဖေဆိုတဲ့လူဟာနေ့တိုင်းဆူပူရိုက်နှက်တတ်သလို အမေဆိုတဲ့လူဟာလည်းအတူပါဘဲ.....

*သားဆိုးမိလို့မေကြီးဖေကြီးတို့ကမချစ်တာလား.!*

ကောင်ငယ်လေးအတွေးထဲမှာတော့ ကျောင်းမှာဆရာမပြောဖူးသည့် ကလေးဆိုးလေးတွေဆို ဖေဖေမေမေကမချစ်ဖူးနော်ဆိုတဲ့စကားလေးအတိုင်း...သူလေးဆိုးလို့အဖေနဲ့အမေကမချစ်တာဟူ၍ တွေးနေလေ‌ရဲ့......
ဪ...ကလေးငယ်လေးရယ်ဖြူစင်လိုက်လေရဲ့

ဒီလိုနဲ့......မခြောက်သေးတဲ့မျက်ရည်လေးတွေနဲ့................................
၁၂အရွယ်ကောင်လေးတယောက်ဟာလမ်းထိပ်အရက်ဆိုင်ကိုအရက်၀ယ်ဆိုကာထွက်လာသတဲ့...။ထို‌ကောင်လေးရဲ့ပါးပြင်လေးပေါ်မှာ မျက်ရည်စက်လက်လေးနဲ့ဆိုတာတော့ အားလုံးသတိထားမိလောက်မှာပါ.....

√My Double Daddy√Donde viven las historias. Descúbrelo ahora