I am a cat! but ( Unicode Ver )

227 18 1
                                    

Chapter _ 1
.............

အေးခိုက်နေတဲ့ မိုးရေစက်တွေကြား ခြေလေးချောင်းအား အားကုန်သုတ်လို့ အမြှီးနဲ့ခြေဖဝါး တသားတည်းကျအောင် ပြေးထွက်လာခဲ့မိတယ် ။ ကြောက်စိတ်ကြောင့် လေထဲတွင်ယမ်းနေသည့် အမြှီးကလေးကပါ အမွှေးတွေ ပွယောင်းယောင်းဖြစ်လို့ ။

မပြေးလို့လဲဘယ်ဖြစ်မလဲ! ။ ကြောက်စရာ သွားပြူးပြူး အစွယ်ပြူးပြူးကြီးတွေနဲ့ အရောင်အသွေးစုံလှတဲ့ သတ္တဝါတစ်အုပ်က ကျွန်တော့်ကို လိုက်ကိုက်နေတာလေ ။

မအေဘေးတွေ! အမြှီးပဲ ။

စိတ်တိုတိုနဲ့ ကျိန်ဆဲလိုက်ရင်း...ငါရဲ့အရင်သခင်တွေအကြောင်းကို ပြေးရင်းလွှားရင်း စိတ်ကရောက်မိပြန်ရော ။
သူတို့က ငါ့ကို အမှိုက်ပုံတစ်ခုရဲ့နားမှာ စွန့်ပြစ်သွားကြတယ် ၊ သူတို့ပြောတာကတော့...

ငါကဆိုးတယ်တဲ့ ၊ ဘာကဆိုးတာလဲဆိုတာကိုတော့ ငါကိုယ်တိုင်တောင် ငါနားမလည်ပါဘူးလေ ။

ဟိုကြည့်သည်ကြည့်နဲ့ ယောင်ယောင်လည်ဖြစ်တုန်းရှိသေး ၊ လမ်းကြားထဲက မအေဘေးတစ်သိုက်က ငါ့ကို လိုက်ကိုက်တော့တာပဲ ။

မအိမ်လုံး ကံတရား .....! ။

လမ်းတွေကို မှတ်မိနိုင်တဲ့ ဦးဏှောက်အသိဉာဏ်တစ်ခုမရှိနိုင်တဲ့ အဟိတ်တိရိစၦာန်မျိုးပေမို့ အခုဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်လာလဲ ကိုယ်တိုင်တောင် သတိမထားမိ ။

ပို၍ သည်းထန်လာသည့် မိုးစက်တွေက မွှေးညှင်းနုနုလေးတွေကြားမှပင် အတင်းတိုးဝှေ့ကာ အသည်းလိုက်တမျှ အေးစက်လာတော့သည် ။ အဲဒီ မိုးကို အမြှီးပဲ! ။

ရန်ကုန်မြို့ တိုက်ခန်းကြားတွေမှ လေကလည်းနေ့မှပင် ဘယ်ကနေသဝေထိုးကာ အညှိုးနှင့်တိုက်နေလေသည်လဲ မသိ ။ အဲဒီ လေလည်း အမြှီးပါပဲ ။

အနောက်လှည့်ကြည့်လိုက်တော့ စောနက အသားကုန် လိုက်လာကြသည့် သတ္တဝါအုပ်စုတွေလည်း မရှိတော့ ။

စိတ်အေးသွားရပြီဆိုမှ ဟိုဟိုသည်သည်လှည့်ကြည့်လိုက်တော့ ...။ အလိုလေး... မိခင်ရေ ။

မည်သည့်နေရာတွေအား ရောက်လို့ရောက်နေမှန်းမသိ ။
အရာအားလုံးက မိမိလက်တစ်ဖဝါးမျှ ဦးဏှောက်ထဲတွင် ဗလာနတ္တိ ။

တဝီဝီဖြတ်သန်းသွားသော ကားတွေအား ကြည့်ရင်း အစိမ်းရောင် မျက်ဝန်းဆံတို့ထဲတွင် မျက်ရည်ကြည့်တို့ဝေ့ကျလာသည် ။

အစွန့်ပြစ်ခံရတုန်းက ခံစားချက်ကြီး ပြန်ခံစားလာရပြန်ပြီ မစင်ပဲဟေ့ ။

ရေတွေ ၊ ဗွက်အိုင်ငယ်တွေထဲမှ ကပ်ညိပါလာသည့် နွံစတွေအား ပြောင်စေလိုငြား ခါထုတ်ပြစ်လိုက်၏ ။ လျှာဖြင့် ဟိုဟိုသည်သည် လျှောက်လျှက်လိုက်ရင်း ကိုယ့်ဘာသာ သန့်ရှင်းရေးကြည့်လုပ်လိုက်ရလေသည် ။

ရေတွေစိုနေသဖြင့် အချောင်လိုက်ဖြစ်နေသော အမွှေးတွေ  ၊ ပေကျံညစ်ပတ်နေတဲ့ ခန္ဓာကိုယ်  တချို့နေရာတွေမှာ ခြစ်ရာလေးတွေ ၊ အရည်ကြည်အချို့ရစ်ဝိုင်းနေသော မျက်ဆံလေးတွေနှင့် ကျွန်တော့်ပုံက ယခုတွင်တော့ သနကမားရုပ်ကလေးပုံ ကျိန်းသေပေါက်နေမှာပင် ။

" မီ.. မီ..မီ.. ကြောင်လေးရေ ဒီကို လာ...လာ "

ကရုဏာသံလေးပြည့်နေသော အသံလေးကြောင့် အရင်သခင်များ ပြန်လာခေါ်လေသည်လားဟု အားရဝမ်းသာ ပြေးသွားမိလို့ကြံတုန်းမှာပင် တစ်ခါမျှ မမြင်ဖူးသည့်သူကြောင့် ခြေလှမ်းတွေက အနည်းငယ် တွန့်သွားရ၏ ။
အစိမ်းရောင် မျက်ဝန်းဆံတို့ပင်လျှင် အနည်းငယ် ကျဉ်းမြောင်းသွားရ၏ ။

မိမိတစ်ခါမျှ မသိသည့် သူမ နောက်ကိုတော့ မလိုက်ရဲပေါင် ။ ရှေ့က သူမှ ချော့ကာ ခြေလှမ်းတို့ တိုးလာလေလေ ၊ မိမိက နောက်ကို  ဆုတ်မိလေလေ ။

တအောင့်မျှ ထုတ်ဆီးထိုးအပြီးတော့ ကျွန်တော် သူမရင်ခွင်ထဲကို ရောက်သွားလေသည် ။

အင်းးးးးး  ဒီလိုဆိုတော့လည်း ဤရင်ခွင်က အနည်းငယ်မျှတော့ နွေးထွေးသား။

အိုကေ! တစ်ခါလောက်တော့ ယုံလိုက်ပါ့မယ်လေ ...။

" Meow~~~~~"

ခပ်ချွဲချွဲအသံလေးတစ်ခုအား  ထုတ်လွတ်လိုက်ရင်း သူမရဲ့ရင်ခွင်ထဲအား ပိုတိုးလို့ဝင်ကာ ပွတ်သပ်လိုက်၏ ။
အိစ်! နွံတွေက သူမအကျႌပေါ် ကျွန်တော့်ကြောင့် ပေကျံကုန်၍တော့ မရိုက်ပါစေနဲ့ ။

" အင်းပါကွယ် ၊ အိမ်ကိုခေါ်သွားပေးပါ့မယ် ၊ အင်းးးးးး သနားစရာ ကလေးလေး ။ "

မိမိ၏ ခေါင်းကလေးကို ပုတ်ပေးလာသော သူမက ကလးတစ်ယောက်အတွက်တော့ မိခင်တစ်ယောက်လိုပါပင် ။

ရင်ခွင်ထဲက ကျွန်တော်ကတော့ အော်စကာဆု ရတော့မတတ် ဒရမ်မာချိုးကာ မျက်ရည်လေးတွေပင် ဝဲပြလိုက်၏ ။

ငါ၏ မာယာတွေတွင် ဤဟူးမန်း ပျော်ဝင်စေသား ။
အဟား အဟား! ။

ပြောပြရအုံးမယ် ၊
ကျွန်တော်က ကြောင်တစ်ကောင် ၊
ပြီးတော့ အထီး ။

........
Chapter 1 the end.

I AM A CAT! BUT.......( Complete✅✅ )Where stories live. Discover now