Chapter_4 Final
...........ပြေးမိပြေးရာ ပြေးလာရင်းကနေ ဘယ်ဝယ်ရောက်လို့ ဘယ်ပေါက်လာမှန်းမသိ ။ အတော်လည်း မောဟိုက်နေပေပြီ ။
မှောင်မဲနေတဲ့ လမ်းကြားထဲက ယင်ကောင်တွေတလောင်းလောင်းနဲ့ အမှိုက်ပုံ ။
သေချာသည် ။ ကျွန်တော် ဘယ်တုန်းကမှ ပြန်မရောက်ချင်တဲ့နေရာကို ပြန်ရောက်လာတာပဲ ။
မှောင်ရိပ်ကျနေတဲ့နေရာတွေကို ကြည့်ရင်း စိတ်တော့ပျက်မိပါရဲ့ ။ အရင်ထက်ကို ပိုပြီးစုတ်ပျင်လာတာပဲ ။
အဲဒါကြောင့် သခင်က ကျွန်တော့်ကို အပြင်အထွက်မခံတာကို ။
ဟိုသည်ပတ်ရှာကာ လမ်းစရှာကြည့်လိုက်တော့
မှောင်မည်းပိတ်ဖုံးနေတဲ့ တသားထဲသော နံရံထောင့်ထဲမှာနီရဲနေသော မျက်လုံးပေါင်း မြောက်များစွာ ။နှစ်လုံး ၊ လေးလုံး ၊ ဆယ်လုံး ။
ဘုရားရေ! ဘယ်နှစ်ကောင်တောင်ပါလိမ့် ။တဖြေးဖြေးနှင့် တရွေ့ရွေ့တိုးကပ်လာသော ထိုမျက်လုံးတွေက လမ်းမီးတိုင်အောက်တွင် ကြီးမားသော ခွေးတွေအဖြစ် ပြောင်းလဲကုန်ကြလေသည် ။
အမြှီးပါပဲ ။ အခုကျမှတွေ့ရလား ငုံးမသားတွေရ ။
ခွီးးးး!!!!!
မရှိမဲ့ရှိမဲ့ အစွယ်လေးထုတ်ကာ အရှေ့မှ ခွေးကြီးတစ်ကောင်၏ ပါးအား ပိတ်ကာ ခြောက်ချက်ကုတ်ပြစ်လိုက်၏ ။
မှတ်ကရော ၊ နောက်ခါလာနောင်ခါဈေးပဲ ။
သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ကြရင်း ပြေးဖို့ရာလည်း လွတ်လမ်းက ဗလာနတ္တိ ၊ လုံးဝ မရှိတော့ ။ဘယ်ဘက် လက်တွင် မီးစနဲ့ထိုးလိုက်သကဲ့သို့ ပူခနဲ့ဖြစ်သွားရာမှ ငုံ့ကြည့်လိုက်တော့ ။ သွားပေပြီ ၊ ဟစ်အော်ကာ ငိုလိုက်ချင်ပေသည် ။
ကျွတ်ထွက်သွားသော အမွှေးတွေနှင့်အတူ အပေါ်ယံ အရေခွံသည် အနည်းငယ်မျှ ပြဲစုတ်သွာကာ သွေးတို့ထွက်ကျလာတော့သည် ။
ဤပုံစံအတိုင်းသာ ဆက်သွားပါက ခွေးတစ်အုပ်ကြားတွင် မိမိမှာ သေဖို့ရာပင် ရှိတော့သည် ။
ခွီးးးး!! မြောင်!!!!
ကျယ်လောင်ကာ စူးရှသော အသံနှသ့်အတူ မိမိဘေးသို့ ပေါ့ပါးစွာကျရောက်လာသော ကိုယ်ထည်တစ်ခုကြောင့် အဖော်ရပြီဟူ၍ ဝမ်းသာလုံးဆို့သွားရလေသည် ။
YOU ARE READING
I AM A CAT! BUT.......( Complete✅✅ )
Romanceဖတ်ကြည့်ပါ! တိရိစၦာန်တွေကိုမချစ်တတ်တဲ့ သူဆိုရင်တောင် အနည်းငယ် အသည်းယားစဖွယ် ကောင်းနေပါလိမ့်မယ် ။ ဖတ်ပြီးလို့ တစ်ချက်မျှ ပြုံးမိတယ်ဆိုရင် ဒါဟာ ဒီမဖြစ်စလောက် စာရေးသူလေးအတွက် ပြည့်စုံလွန်းလှပါပြီ ။ ဖတ်ကြည့်ပါ! တိရိစ္ဆာန်တွေကိုမချစ်တတ်တဲ့ သူဆိုရင်တောင်...