ရနံ့ငယ်...
သိပ်ကို ဆွဲဆောင်အားပြင်းလို့ ရင်ဖိုယစ်မူးဖွယ် ကောင်းလွန်းသည် ။
အထူးသဖြင့် နေကြာပန်းရနံ့လေး မသိမသာ ကပ်ညှိလို့ ကော်ဖီနံ့သင်းသင်းလေး ရောယှက်နေတဲ့ လာဗင်ဒါ ဓာတ်ခံရနံ့မျိုးလေးမှာပေါ့....🦋မလိုက်မဖက် ထူးထူးခြားခြားလေးဆိုပေမယ့်...
ဆန်းပြားစွာ အညို့ဓာတ်ဆောင်နေခဲ့ပြန်တော့...
တဖက်လူမှာ ရူးပစ်ချင်စရာ...🦋🍒 ✨ 🍒 ✨ 🍒 ✨
ပိုင်ရှင်၏ ယောင်္ကျားပီသသော ခန့်ညားမှုကို မျက်နှာဖုံးကဲ့သို့သော အရာဝတ္ထုလောက်မျှဖြင့် ဖုံးကွယ်မထားနိုင်ခဲ့ပါ။
Calico Cat လေးသည် အနီးကပ်မြင်နေရသော ခြင်္သေ့မျက်နှာဖုံးအောက်ရှိ မျက်ဝန်းနက်နက်ကလေးများကို ငေးမောမတတ်ကြည့်နေမိခဲ့သည်။ရင်ခုန်နှုန်းများကတော့ ပြောစရာမလိုအောင် ချစ်ခြင်းသက်သေဆောင်လျက်ပေါ့ ။
"Hyung...အပ်ခဲ့မယ်"
ခပ်တိုးတိုးဖြစ်သော်လည်း ဩဇာအပြည့်ဖြင့် စကားသံအဆုံး တဖက်လူသည်ကတော့ ခေါင်းငြိမ့်ဦးညွှတ်လျက်...
"စိတ်ချပါ သခင်လေး""ကောင်းပြီ"
ခေါင်းတချက် ပြန်ငြိမ့်ပြကာ Calico Cat လေးကို ပွေ့ချီရင်းမှ ဒီလို ညစ်ညစ်ညမ်းညမ်းနေရာမှ အဝေးဆုံးသို့...။ခန္တာကိုယ်ချင်း နီးကပ်နေ၍ပေလား...
ပိုင်ရှင်ထံမှ သေးငယ်သော ကိုယ်လေးကို လွှမ်းခြုံနိုင်လောက်သည်ထက်ကျော်လွန်သော အနွေးဓာတ်တို့ကို ပိုပိုလျှံလျှံရခဲ့သည်။ကော်ဖီစက်လေးများ စွန်းထင်းထားသော ပိုင်ရှင်၏ ကုတ်အင်္ကျီပေါ်မှ
စိတ်ကြည်နူးစရာကောင်းအောင် သင်းပျံ့ပျံ့ရနံ့လေးသည်လည်း Calico Catလေး နှာထိပ်ဝမှ တစ်ဆင့် နှလုံးသားထဲထိ တိုးဝင်ပျံ့နှံ့ရင်းပေါ့....။Calico Cat လေး အိပ်ပျော်ခဲ့ပါသည်။
လုံခြုံစိတ်ချမှုတွေ အပြည့်နှင့် ပိုင်ရှင်၏ တောင့်တင်းသော်လည်း နူးညံ့မှုတွေ ခညောင်းနေသော ရင်ခွင်ကျယ်ကြီးထဲ သက်တောင့်သက်သာရှိစွာဖြင့်....☕ ☕ ☕
နေရာလွတ်များစွာ ရှိသော ကားပေါ်ရောက်နေသော်လည်း သခင်လေးသည် သူ၏ ပိုင်ဆိုင်မှုလေးကို ထွေးပွေ့ခြင်းမှ မလွှတ်မြောက်နိုင်ပေ။
YOU ARE READING
အချစ်မဲ့ ရနံ့🥀
Romansaစွဲလမ်းယစ်မူးစရာ သခင့်ရနံ့တွေမှာ ကျွန်တော့်အတွက် အချစ်ဆိုလို့ အကြွင်းအကျန်တောင် မရှိခဲ့ဘူး....