Unicode
"တော်ဝင်ပါ၏ သို့သော် နန်းမထိုက်ပါ"
"ဟူးးးးးး"
ဆေးလိပ်ငွေ့တွေကြား အငွေ့တလူလူဖြင့် ရစ်မူးနေသော အမျိုးသမီးထံသို့ ခပ်မာမာခြေလှမ်းဖြင့်သာ လျှောက်လာသော်ငြား အနားရောက်လာသည်နှင့် ရိုကျိုးစွာဖြင့် တစ်ထောင့်တစ်နေရာမှ ရှိန်သွားရပြန်၏။
ညှို့ရိပ်ထင်မှာ ဤမျှပင်အရှိန်အဝါကြီး၏။"ညှို့"
မိမိနှင့်မသက်ဆိုင်သော အမည်နာမကို ကြားလိုက်သည်နှင့် ခေါင်းလှည့်ကြည့်လာသော အမျိုးသမီးဖြစ်သူမှာ မြန်မာရင်ဖုံးအနက်ရောင်ဝမ်းဆတ်ကလေးနှင့် ပနံသင့်နေ၏။ဆံပင်ရှည်များအား စုရုံးကာစီးထားသည်နှင့် မွန်းကျပ်လာသည့် ပုံစံဖြင့် ထိုဆံစတွေအား အနောက်ကျောသို့ မသတီစွာ တွန်းပို့နေလေ၏။ခပ်မဲ့မဲ့ အပြုံးကိုသာ လက်ဆွဲထားသည့် ညှို့ဆိုသူမှာ ညာဘက်လက်မှစီးကရက်ကိုလည်း အမြဲတမ်းရှုရှိုက်နေပြန်၏။
ပက်လက်ကုလားထိုင်ပေါ်တွင် နှုတ်ခမ်းဖူးဖူးတွေအား အနက်ရောင်ဆေးကိုသာ ချယ်ထားသော်ငြား ထိုအမျိုးသမီးမှာအဘယ့်ကြောင့်လှနေသနည်း။
"ညှို့"
မိမိ၏ အမည်နာမအား ထပ်မံခေါ်လာသူထံတွင် ဒေါသတို့ရှိုက်ဝေနေသည်မှာ ညှို့ကောင်းကောင်းသိ၏။
"ကိုယ့်ကို အရွဲ့များတိုက်နေသလားညှို့"
စတစ်ကော်လံလည်ကတုံးနှင့် ပုဆိုးအကွက်ကြားကိုသာ ဝတ်ထားသူ ကိုကိုကျော်ဟာတစ်နေရာ၏အလှူပွဲတစ်ခုခုမှပြန်လာသည့်ပုံစံနှင့်ပင်။
ညှို့ထိုပုံစံကိုသာ တစ်ချက်ကြည့်လိုက်ရင်း ရယ်သံလွင့်လွင့်ဖြင့် ကျက်သရေရှိစွာရယ်လိုက်၏။ပြီးနောက် လက်ထဲမှ စီးကရက်ကိုသာ ပြန်လည်ရှုရှိုက်နေတော့၏။
"ညှို့ရိပ်ထင်...ကိုယ်မေးတာဖြေပါဦး"
"အို....ကိုကိုကျော်ရယ်ညှို့ဘာများလုပ်မိလို့လဲ"
ထိုင်နေရာ ပက်လက်ကုလားထိုင်မှ ထလာ၍ စီးကရက်တစ်ဖက်ကိုလည်း ရှုရှိုက်ရင်း မျက်ခုံးပင့်ကာ အနားတိုးလာသော ညှို့၏ပုံစံမှာ ကိုကိုကျော်ဆိုသူ၏မျက်လုံးထဲတွင် သိပ်ကိုအရှက်သိက္ခာမဲ့လွန်း၏။
YOU ARE READING
တော်ဝင်ပါ၏ သို့သော် နန်းမထိုက်ပါ☁️
Fantasiaဒီမှာစိမ်း ညှို့ရိပ်ထင်ဆိုတာ ကိုယ့်မာနနဲ့ကိုပါ