Part - 14

1.1K 109 10
                                    

တမာရဲ့ကမ္ဘာ
အပိုင်း (၁၄)
။ ။

တမာကျောင်းမသွားတာ တစ်ပါတ်လောက်ရှိပြီ။ ပထမနှစ်ဝက်စာမေးပွဲလည်း ဆက်မဖြေ။ အိမ်ပေါ်ကအိမ်အောက်မဆင်းပဲနေသည်။ အခန်းထဲကအပြင်မထွက်ဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။

ကိုလှိုင်းတို့ကတော့ နေ့တိုင်းအိမ်လာပေမယ့် တမာက တံခါးဖွင့်မပေးဘဲနေတာမို့ တွေ့ခွင့်မရဘဲ ပြန်သွားကြရသည်သာများသည်။
ဖေဖေက်ိုယ်တိုင် သွားခေါ်ရင်တောင်ထွက်မတွေ့။ အခန်းတံခါးသွားခေါက်လျှင်လည်း မောင်းသာထုတ်တတ်တာကြောင့် နီလာရောင်စိတ်ပူသော်လည်းလက်ပိုက်ကြည့်နေရသည်။

တီတီကလည်း အိမ်မလာပေ။ ကျောင်းမှာတီတီနဲ့ဆုံတဲ့အခါ တမာ့အကြောင်း စကားစလိုက်တာနဲ့ တီတီကစကားလွှဲသွား တတ်သည်။ ခုလည်းကျောင်းမှာ စာသာသင်နေရတယ်။ စိတ်က တမာဘာများဖြစ်နေမလဲ စိတ်ပူနေမိသည်။

"နီလာရောင် နီလာရောင်"

"..."

"ဟဲ့ နီလာ"

"ဟင် ဘာလဲ"

"ဘာတွေတွေးနေတာလဲ နင့်ကိုဆရာမခေါ်နေတယ်"

"ဟုတ်လား"

'သမီးနီလာ နေ့လည်ကျောင်းဆင်းရင် ဆရာမ ဆီခနလာခဲ့ဦးနော်"

"ဟုတ် ဟုတ် ဆရာမ"

"ကဲ ကဲ အားလုံး စာကိုအာရုံစိုက်ကြပါ"

"ဟုတ်ကဲ့ပါဆရာမ"

စာသင်နေတုန်းတမာ့အကြောင်းတွေးမိတာနဲ့ ဆရာမဆီကအဆူခံရဖို့ သီသီလေးသာလိုတော့သည်မို့ နီလာရောင်ရင်တုန်သွားမိသည်။

"ငါ့ကိုဆရာမက ဆူမလို့လားမသိဘူးနော်"

"အေးဟ ဘာဖြစ်လို့ခေါ်တာလဲမသိဘူး"

"ဒါနဲ့ နင်ကဘာတွေတွေးနေလို့စာသင်ချိန်ကြီး သတိလွတ်နေရတာတုန်း"

"အေ့လေ အခုတလော အဲ့အတိုင်းပဲ"

"ဒီလိုပါပဲဟာ"

"အိမ်မှာစိတ်ညစ်စရာရှိလို့လားနီလာ"

"ဟင် ဟုတ်လား ဘယ်သူနဲ့ဖြစ်တာလဲ တမာနဲ့လား"

နီလာမျက်နှာမကောင်းတာကို အကဲခတ်၍ ရာရာကဝင်မေးလိုက်ခြင်းဖြစ်သည်။ အိမ်ဟူသောစကားလုံးကြားလိုက်သည်နှင့် ဟန်ပင်မဆောင်နိုင်အောင် တမာ့နာမည်ထည့်မေးသူက ရတုဆက်။ နီလာကတော့မချိပြုံးလေးနဲ့သာ ခေါင်းရမ်းပြမိသည်။

"တမာရဲ့ကမ္ဘာ"Where stories live. Discover now