Part -2

1.2K 87 3
                                    

တမာရဲ့ကမ္ဘာ…

အပိုင်း (၂)

 

“ကြေးတမာ မင်းကဘယ်လိုမိန်းကလေးမျိုးလဲ”

“ဟာ ဘလိုင်းကြီး သူများအခန်းထဲဝင်လာပြီး ဘာတွေလာပွားနေတာလဲ”

“ဒီမှာမင်းခုတလော ဆရာမတွေရဲ့ အဆောင်ရှေ့မှာ ဂီတာသွားသွားတီးပြီး သီချင်းတွေအော်ဆိုနေတယ်ဆို “

“အဲ့ဒါဘာဖြစ်လဲ”

“အေး ငါ့သူငယ်ချင်းတွေတောင် ငါ့ကိုလာပြောနေကြပြီ။ မင်းကိုယ်မင်း မိန်းကလေးဆိုတာရော သိသေးရဲ့လား။”

“မိန်းကလေးဖြစ်တော့ဘာဖြစ်လဲ ကိုယ့်ဘာသာဆိုချင်လို့သွားဆိုတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ”

“အေး မင်းကဂရုမစိုက်ပေမယ့် မင်းမှာမိဘရှိသေးတယ်။ မင်းကသပ်သပ်မဲ့ ငါတို့ကိုသိက္ခာကျအောင်လုပ်နေတာပဲ။”

“အဟက် ခင်ဗျားပါးစပ်နဲ့ သိက္ခာဆိုတဲ့စကားက မအပ်စပ်လိုက်တာ”

“ဘာ မင်းဘာပြောတယ် ရိုင်းလှချည်လား”

“ ခင်ဗျားထင်တာထက် (၂) ဆရိုင်းတယ်နော်အဖွားကြီး”

“ဟဲ့ငါက မင်းကိုကောင်းစေချင်လို့ပြောနေတာ”

“ဘာကောင်းစေချင်တာလဲ။ လျှာရိုးမရှိတိုင်းလာမပြောနဲ့ တမာတို့ကအဖေဆိုတဲ့လူရဲ့ စကားတောင်နားထောင်တာမဟုတ်ဘူးနော် အေး ခင်ဗျားလိုမိထွေးမျိုးကနားလာငြီးနေတာကိုလည်း သည်းခံမှာမဟုတ်ဘူး”

“မိန်းကလေးဖြစ်ပြီး လက်မှာလည်းတက်တူးကအပြည့်၊ အချိန်ပြည့် ယောကျာ်းလေးတွေတရုန်းရုန်းနဲ့”

“အဲ့ဒါဘာဖြစ်လဲ ခင်ဗျားအပူပါလား”

“အေးပါ ငါ့အပူမပါပေမယ့် အချိန်မတန်ခင်ဗိုက်တစ်လုံးပူပြီးကျန်ခဲ့မှာစိုးလို့ ပြောနေတာအေ့”

“ဟာ ဒီအဖွားကြီး တော်တော်သောက်စကားများတာပဲ…သွား ခုချက်ချင်းထွက်သွား။ “

 

အော်လည်းအော်ပြီး ကုတင်ခေါင်းရင်းနားမှာ ထောင်ထားသည့်ခေါင်းအုံးတွေနဲ့ပါ ကောက်ပေါက်မိလေတော့သည်။ အဖွားကြီးလည်းအခန်းအပြင်ကို ကမန်းကတမ်းထွက်ပြီးမှ ပါးစပ်ကစက်သေနတ်ကဲ့သို့ ကျိန်စာတွေတိုက်သွားသေးသည်။ လူကြီးတစ်ယောက်ကို အော်ပြီးခေါင်းအုံးနဲ့ပေါက်တာက ဘယ်လောက်တောင်ရိုင်းစိုင်းတဲ့လုပ်ရပ်မှန်း တမာသိတာပေါ့။

"တမာရဲ့ကမ္ဘာ"Hikayelerin yaşadığı yer. Şimdi keşfedin